Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ်တွင်ပျူတစ်ဦး​သေနတ်ဖြင့်ပစ်သတ်ခံရ

ပျူစောထီးခေါင်းဆောင်းဌေးဦးသည် သဘော့လိပ်ရွာတွင်ခဲမိုင်းဆက်ကြေးတောင်းသည့် ငွေအား ခွဲဝေမပေးသည့် အတွက် ပျူစောထီး အချင်းချင်းလုပ်ကြံသတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟုဒေသခံအချို့ကမှတ်ချက်ပြုသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာတွင် ပျူစောထီးအဖွဲ့ခေါင်းဆောင်ဌေးဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပျူစောထီးခေါင်းဆောင်သည် ဧပြီ ၁၁ ရက် ည ၇နာရီအကျော်တွင် နေအိမ်ကို ပြန်သည့်လမ်းပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ပြီး မည်သည့် အဖွဲ့က ​သေနတ်ဖြင့်ပစ်ခတ်သည်ကို မသိရှိရသေးပေ။

ပျူစောထီးခေါင်းဆောင်းဌေးဦးသည် သဘော့လိပ်ရွာတွင်ခဲမိုင်းဆက်ကြေးတောင်းသည့် ငွေအား ခွဲဝေမပေးသည့် အတွက် ပျူစောထီး အချင်းချင်းလုပ်ကြံသတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟုဒေသခံအချို့ကမှတ်ချက်ပြုသည်။

ယခု သတ်ခံရသည့် ဦးဌေးဦးသည် ယခင်ကတည်းက ပြည်သူ့စစ်ခေါင်းဆောင်လုပ်ခဲ့သူတစ်ဦးလဲဖြစ်​ကြောင်းလည်း ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ညက အိမ်နားမှာ ပစ်ခံရပြီဂ မနက်ကျမှ စစ်ကောင်စီတပ်သားတွေ အလောင်းလာသယ်သွားတယ်”ဟု ဒေခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

Facebook