Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ZRO/ZRA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် CJDC ကြေညာ

ZRO/ZRA တပ်များသည် တီးတိန်၊ တွန်းဇံမြို့နယ်များအပါအဝင် မြန်မာ -အိန္ဒိယနယ်စပ် အနီးတ၀ိုက်၌ လှုပ်ရှားသည်။အဆိုပါ အဖွဲ့အနေဖြင့် တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ပြည်သူများကို လုံး၀ကိုယ်စားမပြုကြောင်း ဖော်ပြထားသည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့(ZRO/ZRA)သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့်အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီး တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ချင်းလက်နက်ကိုင်တပ်များ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)က ယနေ့ ကြေညာခဲ့သည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ချင်းပြည်နယ် ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF) အပါအဝင် ချင်းတပ်ဖွဲ့ ၁၇ဖွဲ့ စုပေါင်းထားသည့် CJDC အစည်းအဝေးကို ဧပြီ ၇ရက်မှ ၁၂ရက်အထိ ပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“CJDCရဲ့ ရဲဘော်တွေကိုလည်း သူတို့ နှိပ်စက်တာတွေရှိတယ်။ ပထမ ဆုံးအနေနဲ့ PDF ဇိုလဲန်းဘက်က စခန်း နှစ်ခုကို သိမ်းတာရှိတယ်။ ပြီးရင် ဟွာငို CDF ဘက်မှာ သူတို့ ရိုက်နှက်တာမျိုးတွေ နောက်တစ်ခုက သူတို့ ပစ်ခတ်လို့ CNF ဘက်ကကျတာရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီနဲ့ သူတို့ ပူးတွဲပြီး သူတို့လုပ်ဆောင်နေတဲ့ဟာတွေ ကျွန်တော်တို့ သတင်းအချက်အလက်တွေ အထောက်အထားတွေရှိတယ်။ CJDC ဆိုတာက ဘယ်သူပဲဖြစ်ဖြစ် စစ်ကောင်စီနဲ့ တွဲတဲ့အဖွဲ့တွေကို ကျွန်တော်တို့ တော်လှန်ဖို့အတွက်လုပ်ထားတဲ့ အတွက်ကြောင့် ချင်းပြည်နယ်မှာ လက်နက်ကိုင်ပြီးတော့ စစ်ကောင်စီနဲ့တွဲတဲ့အပေါ် ကျွန်တော်တို့ ချေမှုန်းသွားမယ် လို့ဆုံးဖြတ်ခဲ့တာပါ”ဟု CJDC အတွင်းရေးမှူးက ပြောသည်။

ZRO/ZRA တပ်များသည် တီးတိန်၊ တွန်းဇံမြို့နယ်များအပါအဝင် မြန်မာ -အိန္ဒိယနယ်စပ် အနီးတ၀ိုက်၌ လှုပ်ရှားသည်။အဆိုပါ အဖွဲ့အနေဖြင့် တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ပြည်သူများကို လုံး၀ကိုယ်စားမပြုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

CJDC၏ ဆုံးဖြတ်ချက်တွင် ချင်းပြည်တစ်ဝန်းလုံး၌ တင်ဒါလျှောက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းများကို လုံး၀ ပင်ပင်တားမြစ်ကြောင်း ဖော်ပြထားသည်။

CJDCသည် ချင်းအမျိုးသားတည်ဆောက်ရေးလမ်းစဉ်ဖြင့် ချင်းပြည်ထောင်တည်ဆောက်ရေး ကို ဦးတည်ဆောင်ရွက်နေကြောင်း၊ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အနှောက်အယှက် အဟန့်အတားဖြစ်သည့် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ကို မဆို အမျိုးသားရေးတာဝန်အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။