Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ZRO/ZRA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် CJDC ကြေညာ

ZRO/ZRA တပ်များသည် တီးတိန်၊ တွန်းဇံမြို့နယ်များအပါအဝင် မြန်မာ -အိန္ဒိယနယ်စပ် အနီးတ၀ိုက်၌ လှုပ်ရှားသည်။အဆိုပါ အဖွဲ့အနေဖြင့် တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ပြည်သူများကို လုံး၀ကိုယ်စားမပြုကြောင်း ဖော်ပြထားသည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့(ZRO/ZRA)သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့်အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီး တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ချင်းလက်နက်ကိုင်တပ်များ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)က ယနေ့ ကြေညာခဲ့သည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ချင်းပြည်နယ် ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF) အပါအဝင် ချင်းတပ်ဖွဲ့ ၁၇ဖွဲ့ စုပေါင်းထားသည့် CJDC အစည်းအဝေးကို ဧပြီ ၇ရက်မှ ၁၂ရက်အထိ ပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“CJDCရဲ့ ရဲဘော်တွေကိုလည်း သူတို့ နှိပ်စက်တာတွေရှိတယ်။ ပထမ ဆုံးအနေနဲ့ PDF ဇိုလဲန်းဘက်က စခန်း နှစ်ခုကို သိမ်းတာရှိတယ်။ ပြီးရင် ဟွာငို CDF ဘက်မှာ သူတို့ ရိုက်နှက်တာမျိုးတွေ နောက်တစ်ခုက သူတို့ ပစ်ခတ်လို့ CNF ဘက်ကကျတာရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီနဲ့ သူတို့ ပူးတွဲပြီး သူတို့လုပ်ဆောင်နေတဲ့ဟာတွေ ကျွန်တော်တို့ သတင်းအချက်အလက်တွေ အထောက်အထားတွေရှိတယ်။ CJDC ဆိုတာက ဘယ်သူပဲဖြစ်ဖြစ် စစ်ကောင်စီနဲ့ တွဲတဲ့အဖွဲ့တွေကို ကျွန်တော်တို့ တော်လှန်ဖို့အတွက်လုပ်ထားတဲ့ အတွက်ကြောင့် ချင်းပြည်နယ်မှာ လက်နက်ကိုင်ပြီးတော့ စစ်ကောင်စီနဲ့တွဲတဲ့အပေါ် ကျွန်တော်တို့ ချေမှုန်းသွားမယ် လို့ဆုံးဖြတ်ခဲ့တာပါ”ဟု CJDC အတွင်းရေးမှူးက ပြောသည်။

ZRO/ZRA တပ်များသည် တီးတိန်၊ တွန်းဇံမြို့နယ်များအပါအဝင် မြန်မာ -အိန္ဒိယနယ်စပ် အနီးတ၀ိုက်၌ လှုပ်ရှားသည်။အဆိုပါ အဖွဲ့အနေဖြင့် တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ပြည်သူများကို လုံး၀ကိုယ်စားမပြုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

CJDC၏ ဆုံးဖြတ်ချက်တွင် ချင်းပြည်တစ်ဝန်းလုံး၌ တင်ဒါလျှောက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းများကို လုံး၀ ပင်ပင်တားမြစ်ကြောင်း ဖော်ပြထားသည်။

CJDCသည် ချင်းအမျိုးသားတည်ဆောက်ရေးလမ်းစဉ်ဖြင့် ချင်းပြည်ထောင်တည်ဆောက်ရေး ကို ဦးတည်ဆောင်ရွက်နေကြောင်း၊ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အနှောက်အယှက် အဟန့်အတားဖြစ်သည့် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ကို မဆို အမျိုးသားရေးတာဝန်အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။