Connect with us

Hi, what are you looking for?

LuduNwayOo

News

မြ၀တီ-ကော့ကရိတ်အာရှလမ်းမှာ ကားအချို့ မီးရှို့ဖျက်ဆီးခံရ

ဒီမီးရှို့ဖျက်ဆီးခံရမှုဟာ ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။

မြ၀တီ-ကော့ကရိတ်အာရှလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်ပိုင်းက သွားလာနေတဲ့ ယာဉ်တချို့ မီးရှို့ဖျက်ဆီးခံရခဲ့တယ်လို့ ခရီးသည်တွေထံကနေ သိရပါတယ်။

ဒီကနေ့ ဧပြီ ၁၃ ရက်မနက်ပိုင်းအချိန်က အာရှလမ်းမတစ်နေရာမှာ ကားသုံးစီးနဲ့ ဆိုင်ကယ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အာရှလမ်းမမှာသွားလာနေတဲ့ ခရီးသွားတစ်ဦးက ဆိုပါတယ်။

ဒီမီးရှို့ဖျက်ဆီးခံရမှုဟာ ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။

အာရှလမ်းမမှာ သွားလာနေတဲ့ ခရီးသွားတွေအနေနဲ့ သတိထားပြီး သွားလာကြဖို့ ခရီးသွားတွေအချင်းချင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အာရှလမ်းပိုင်းမှာသွားလာနေတာတွေ မပြုလုပ်ဖို့အတွက် ကေအဲန်ယူက စာထုတ်ပြန်ပြီးတဲ့နောက် အာရှလမ်းပိုင်းမှာ ယာဉ်တွေမီးရှို့ခံနေရသလို သွားလာနေတဲ့ ခရီးသွားတွေလည်း ပစ်ခတ်ခံခဲ့ရပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းမကြီးကို ပြည်သူတွေအနေနဲ့ သွားလာတာတွေ ယာယီရပ်ဆိုင်းထားဖို့ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်က ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။