Connect with us

Hi, what are you looking for?

News

မြ၀တီ-ကော့ကရိတ်အာရှလမ်းမှာ ကားအချို့ မီးရှို့ဖျက်ဆီးခံရ

ဒီမီးရှို့ဖျက်ဆီးခံရမှုဟာ ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။

မြ၀တီ-ကော့ကရိတ်အာရှလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်ပိုင်းက သွားလာနေတဲ့ ယာဉ်တချို့ မီးရှို့ဖျက်ဆီးခံရခဲ့တယ်လို့ ခရီးသည်တွေထံကနေ သိရပါတယ်။

ဒီကနေ့ ဧပြီ ၁၃ ရက်မနက်ပိုင်းအချိန်က အာရှလမ်းမတစ်နေရာမှာ ကားသုံးစီးနဲ့ ဆိုင်ကယ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အာရှလမ်းမမှာသွားလာနေတဲ့ ခရီးသွားတစ်ဦးက ဆိုပါတယ်။

ဒီမီးရှို့ဖျက်ဆီးခံရမှုဟာ ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။

အာရှလမ်းမမှာ သွားလာနေတဲ့ ခရီးသွားတွေအနေနဲ့ သတိထားပြီး သွားလာကြဖို့ ခရီးသွားတွေအချင်းချင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အာရှလမ်းပိုင်းမှာသွားလာနေတာတွေ မပြုလုပ်ဖို့အတွက် ကေအဲန်ယူက စာထုတ်ပြန်ပြီးတဲ့နောက် အာရှလမ်းပိုင်းမှာ ယာဉ်တွေမီးရှို့ခံနေရသလို သွားလာနေတဲ့ ခရီးသွားတွေလည်း ပစ်ခတ်ခံခဲ့ရပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းမကြီးကို ပြည်သူတွေအနေနဲ့ သွားလာတာတွေ ယာယီရပ်ဆိုင်းထားဖို့ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်က ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။