စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သင်္ကြန်အကြိုနေ့နံနက်ခင်း ကင်းပတ်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ရဲကားတစ်စီး ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံးနိုင် ကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်သည်။
မုံရွာမြို့ အာဇာနည်လမ်းတွင် ယနေ့ နံနက်၈နာရီခန့်က အမှတ်၂ရဲစခန်းမှ ကားတစ်စီးအား မုံရွာခရိုင်တပ်ရင်း၂၏ အထူးကွန်မန်ဒိုတပ်ဖွဲ့မှ လိုက်လံ ပစ်ခတ်သုတ်သင်ရာ ကားမှာ ဘီးပေါက်သွားပြီး ကားပေါ်ပါ ရဲသား ၂ဦး အနက်တစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှ ပြန်လည် ပစ်ခတ်သဖြင့် ဆုတ်ခွာလာခဲ့ကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်သည်။
မြို့ပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ပေးရန်နှင့် Mission လုပ်နေချိန်တွင် ရပ်ကြည့်ခြင်း၊ ထွက်ကြည့်ခြင်း လုပ်သည့်အတွက် Mission လုပ်ရာတွင် အခက်အခဲဖြစ်ခဲ့ကြောင်း၊ ရပ်ကြည့်ခြင်း၊ ထွက်ကြည့်ခြင်းများ မပြုလုပ်ကြရန် အထူးသတိပေးတိုက်တွန်းကြောင်း၊ တစ်စုံတစ်ရာထိခိုက်မှုဖြစ်ပါက အပြစ်မမြင်ကြရန် Monywa The Boys အဖွဲ့က တိုက်တွန်းသတိပေးသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ Monywa The Boys အဖွဲ့သို့ ဆက်သွယ် မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement
မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ဟန်ပြသင်္ကြန်အား ပါဝင်ဆင်နွှဲခြင်းမပြုရန် ဒေသတွင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။


















































