Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သားလေးဦးဒဏ်ရာရခဲ့ဟု KNUတပ်မဟာ(၅)ထုတ်ပြန်

ယခင်ကလည်း စစ်ကောင်စီတပ်နှင့် BGFတပ်များ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူများ သေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ မထောရွာအခြေစိုက် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု လက်အောက်ခံ ခမရ(၄၀၈)နှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ် နှစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အရပ်သားပြည်သူ ​လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ (၅)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ၁၃)ရက် နံနက် ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များက မယ်ညုကျေးရွာအုပ်စု၊ ထိုခေးလိုကျေးရွာအတွင်းသို့ (၈၁)မမဖြင့် တမင်ရည်ရွယ်ပစ်ခတ်ခဲ့ရာ ပြည်သူလေးဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်ဟု ဆို သည်။

ထိခိုက်ဒဏ်ရာရသူများမှာ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ညာဖက်ပေါင် ဒဏ်ရာရပြီး (၁၂)နှစ်အရွယ် မိန်းကလေးငယ်မှာ ညာလက်မောင်း၌ ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့ပြင် (၃၃)နှစ်အရွယ်နှင့် (၆၀) ကျော်သက်ကြီးရွယ်အို တစ်ဦးတို့လည်း ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ညနေပိုင်းတွင်လည်း မယ်ညုကျေးရွာအုပ်စုအတွင်းရှိ နိုဖောထီးနှင့် ထိုခေးလိုကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် သုံးချက် တမင်ရည်ရွယ်ပစ်ခတ်ခဲ့ရာ လူထိခိုက်သေဆုံးမရှိသော်လည်း ဒေသခံ ပြည်သူလူထု၏ နွား(၆)ကောင် ထိမှန်သေဆုံးကာ (၃)ကောင်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း စစ်ကောင်စီတပ်နှင့် BGFတပ်များ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူများ သေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။