Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဒဂုံ ပြည်ထောင်စုလမ်းမပေါ်တွင် ပ​ဒေသာမိုင်း အလုံး၃၀ ထက်မံ​ဖောက်ခွဲတိုက်ခိုက်သွားမည်ဟု မြို့ပြ​ပြောက်ကျားတပ်ဖွဲ့ သတိ​ပေး

ပေါက်ကွဲသံများကြားရပါက ထိုနေရာအနီးတစ်ဝိုက် ဖြတ်သန်းသွားလာခြင်းမပြုရန် နှင့်အိတ်အမဲ သို့မဟုတ် တခြားဖောက်ခွဲရေးပစ္စည်းပုံစံများအား စပ်စုခြင်း ကောက်ယူခြင်းများမပြုလုပ်ကျပါရန်လည်း သတိပေးသည်။

ဓာတ်ပုံ - Little Heros

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်တွင် ပဒေသာမိုင်းအလုံး ၃၀ ထပ်မံဖောက်ခွဲသွားမည်ဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Little Herosက ယနေ့(ဧပြီ ၁၄ ရက်) သတိပေးထုတ်ပြန်သည်။

မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီအားရည်ရွယ်တိုက်ခိုက်ခဲ့သော ဧပြီ ၁၁ရက်ညပိုင်းဖြစ်စဥ်နှင့်ဆက်စပ်သောဆင့်ကဲ ဖောက်ခွဲမှု ဖြစ်လာမည်ဟု ဆိုသည်။

ဓာတ်ပုံ – Little Heros

“တော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာသည်နဲ့အမျှ တော်လှန်ရေးတွင်သုံးသော ပစ္စည်းများမှာလည်း ပြင်းအားမြင့်ပစ္စည်းများဖြစ်လာပါသည်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေဖြင့် ပြည်သူလူထုထိခိုက်မှာ စိုးသောကြောင့် ဖောက်ခွဲရန် နှင့် ခွေးသတ်ရန် အဆင့်သင့်ဖြစ်နေချိန်နေများတွင် ဖောက်ခွဲမှုများမလုပ်ပဲ ဖျက်သိမ်းရတာသည်များမှာလည်း များလာသည်”ဟု Little Heros က ပြောသည်။

Public Service Announcement

ထို့အပြင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ရန် လူအင်အား ၊ငွေအင်းအားအပြင် များစွာသောတွက်ချက်မှုများပြုလုပ်ပြီးမှသာ စတင်ရခြင်းကြောင့် ပြည်သူများအထူးသတိပြုရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Little Heros

ပေါက်ကွဲသံများကြားရပါက ထိုနေရာအနီးတစ်ဝိုက် ဖြတ်သန်းသွားလာခြင်းမပြုရန် နှင့်အိတ်အမဲ သို့မဟုတ် တခြားဖောက်ခွဲရေးပစ္စည်းပုံစံများအား စပ်စုခြင်း ကောက်ယူခြင်းများမပြုလုပ်ကျပါရန်လည်း သတိပေးသည်။

သို့​သော် မည်သည့်​နေ့ရက်တွင် ​ဖောက်ခွဲတိုက်ခိုက်သွားမည်ဆိုသည်ကို ​ဖော်ပြမထား​ပေ။

ဧပြီ ၁၁ ရက်ကလည်း မြောက်ဒဂုံမြို့နယ်တွင် ပဒေသာမိုင်းအလုံး ၂၀ဖြင့် စစ်ကောင်စီတပ်ကို Little Heros နှင့် UG Urban Gurellia Defence Force အပါအဝင် မဟာမိတ်ညီကိုရဲ​ဘော်အဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ကာ စစ်ကားတစ်စီးပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။