Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံ ပြည်ထောင်စုလမ်းမပေါ်တွင် ပ​ဒေသာမိုင်း အလုံး၃၀ ထက်မံ​ဖောက်ခွဲတိုက်ခိုက်သွားမည်ဟု မြို့ပြ​ပြောက်ကျားတပ်ဖွဲ့ သတိ​ပေး

ပေါက်ကွဲသံများကြားရပါက ထိုနေရာအနီးတစ်ဝိုက် ဖြတ်သန်းသွားလာခြင်းမပြုရန် နှင့်အိတ်အမဲ သို့မဟုတ် တခြားဖောက်ခွဲရေးပစ္စည်းပုံစံများအား စပ်စုခြင်း ကောက်ယူခြင်းများမပြုလုပ်ကျပါရန်လည်း သတိပေးသည်။

ဓာတ်ပုံ - Little Heros

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်တွင် ပဒေသာမိုင်းအလုံး ၃၀ ထပ်မံဖောက်ခွဲသွားမည်ဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Little Herosက ယနေ့(ဧပြီ ၁၄ ရက်) သတိပေးထုတ်ပြန်သည်။

မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီအားရည်ရွယ်တိုက်ခိုက်ခဲ့သော ဧပြီ ၁၁ရက်ညပိုင်းဖြစ်စဥ်နှင့်ဆက်စပ်သောဆင့်ကဲ ဖောက်ခွဲမှု ဖြစ်လာမည်ဟု ဆိုသည်။

ဓာတ်ပုံ – Little Heros

“တော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာသည်နဲ့အမျှ တော်လှန်ရေးတွင်သုံးသော ပစ္စည်းများမှာလည်း ပြင်းအားမြင့်ပစ္စည်းများဖြစ်လာပါသည်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေဖြင့် ပြည်သူလူထုထိခိုက်မှာ စိုးသောကြောင့် ဖောက်ခွဲရန် နှင့် ခွေးသတ်ရန် အဆင့်သင့်ဖြစ်နေချိန်နေများတွင် ဖောက်ခွဲမှုများမလုပ်ပဲ ဖျက်သိမ်းရတာသည်များမှာလည်း များလာသည်”ဟု Little Heros က ပြောသည်။

Public Service Announcement

ထို့အပြင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ရန် လူအင်အား ၊ငွေအင်းအားအပြင် များစွာသောတွက်ချက်မှုများပြုလုပ်ပြီးမှသာ စတင်ရခြင်းကြောင့် ပြည်သူများအထူးသတိပြုရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Little Heros

ပေါက်ကွဲသံများကြားရပါက ထိုနေရာအနီးတစ်ဝိုက် ဖြတ်သန်းသွားလာခြင်းမပြုရန် နှင့်အိတ်အမဲ သို့မဟုတ် တခြားဖောက်ခွဲရေးပစ္စည်းပုံစံများအား စပ်စုခြင်း ကောက်ယူခြင်းများမပြုလုပ်ကျပါရန်လည်း သတိပေးသည်။

သို့​သော် မည်သည့်​နေ့ရက်တွင် ​ဖောက်ခွဲတိုက်ခိုက်သွားမည်ဆိုသည်ကို ​ဖော်ပြမထား​ပေ။

ဧပြီ ၁၁ ရက်ကလည်း မြောက်ဒဂုံမြို့နယ်တွင် ပဒေသာမိုင်းအလုံး ၂၀ဖြင့် စစ်ကောင်စီတပ်ကို Little Heros နှင့် UG Urban Gurellia Defence Force အပါအဝင် မဟာမိတ်ညီကိုရဲ​ဘော်အဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ကာ စစ်ကားတစ်စီးပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။