Connect with us

Hi, what are you looking for?

News

မုံရွာမြို့ သင်္ကြန်အကျနေ့တွင် ​လေး​နေရာ​​ပေါက်ကွဲမှုဖြစ်

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီက အတု အယောင်ဟန်ပြသင်္ကြန်အဖြစ် မဏ္ဍပ်ဆောက်လုပ်ကာ ရေကစားပြနေသော်လည်း မြို့တွင်းသွားလာသူမရှိဘဲ ခြောက်ကပ်တိတ်ဆိတ်နေခဲ့ကြောင်း မုံရွာမြို့ခံများက ပြောသည်။

(ယနေ့ သင်္ကြန်အကျနေ့တွင် တိတ်ဆိတ်ခြောက်ကပ်နေသော မုံရွာမြို့တွင်းလမ်းမများအား တွေ့ရစဥ်၊ ဓာတ်ပုံ-MRI)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းက မြို့ပေါ်လေးနေရာပေါက်ကွဲမှုများ ​ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီ၁၄ ရက် သင်္ကြန်အကျနေ့ နံနက် ၅နာရီ ၄၅ အချိန်တွင် အင်းရွာသစ်ရပ်ကွက်အုပ်ချုပ်​ရေးမှူးအိမ်ရှေ့တွင် တစ်လုံး၊ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော အိမ်ဖြူတော်ဟိုတယ်ရှေ့တွင် တစ်လုံး၊ ကျွဲရဲအဝိုင်းပတ်တွင်တစ်လုံးနှင့် GTC ကျောင်းရှေ့တွင်တစ်လုံး စုစုပေါင်းလေးနေရာတွင် ဖောက်ခွဲခဲ့ကြောင်း ဒဿ ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါဖောက်ခွဲမှုများအား ဒေသတွင်းမြို့ပြပြောက်ကျားအဖွဲ့များဖြစ်သော ဒဿပြောက်ကျားတပ်ဖွဲ့၊ Monywa Generation Tigers၊ Monywa Special ဒိတ်ဒိတ်ကြဲ PDF၊ Daung New Generation Kani PDF၊ FFP အစရှိသည့် အဖွဲ့လေးဖွဲ့က ပူးပေါင်းဖောက်ခွဲခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

ထို​အပြင် မုံရွာမြို့လယ်နာရီစဥ်အနီးတွင်လည်း ယ​နေ့ ​နေ့လယ်ပိုင်းတွင် ဗုံးကွဲခဲ့​​​သေကြောင်း ​ဒေသခံများထံမှသိ့ရသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီက အတု အယောင်ဟန်ပြသင်္ကြန်အဖြစ် မဏ္ဍပ်ဆောက်လုပ်ကာ ရေကစားပြနေသော်လည်း မြို့တွင်းသွားလာသူမရှိဘဲ ခြောက်ကပ်တိတ်ဆိတ်နေခဲ့ကြောင်း မုံရွာမြို့ခံများက ပြောသည်။

“မုံရွာက အပြင်ကိုထွက်မလို့လုပ်ရင် အုန်း အုန်းနဲ့ အသံတွေကြားနေရတာနဲ့ မထွက်တော့ဘူး။ ၉နာရီလောက်ဆို လူကိုမရှိတော့တာ။ မနက်ကကို အိမ်နားတင်ကွဲတာ။သင်္ကြန်တွင်းမှာ ဗိုလ်ချုပ်လမ်းတစ်လျှောက် အစောင့်တွေချထားတာ တစ်လျှောက်လုံး။ ဘယ်သူကဝင်ပစ်လိုက်လို့ ပစ်ကြခတ်ကြဖြစ်မလဲကြောက်နေရတာ။”ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မုံရွာမြို့တွင် ယမန်နေ့ (ဧပြီ ၁၃ ရက်) သင်္ကြန်အကြိုနေ့ညနေ ၆နာရီခွဲမှ ည ၉နာရီခွဲအချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ဆေးနေသော နေရာများဖြစ်သည့် မြဝတီရပ်ကွက်ရုံး၊ ဆည်မြောင်းရုံး လမ်းဆုံ၊ ပေ (၈၀)လမ်းထိပ်၊မေတ္တာလမ်းထိပ်နှင့် ဘုရင့်နောင်လမ်းထိပ် အစရှိသည့်နေရာများကို လက်ပစ်မိုင်းများအသုံးပြုကာ ညီနောက်မဟာမိတ်အဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း Unity Force Monywa အဖွဲ့ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook