Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ လက်ပါးစေအုပ်စုများသောင်းကျန်းနေသော မြင်းခြံဗဟိုမဏ္ဍပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ မြင်းခြံဗဟိုမဏ္ဍပ်အနီး ဖြတ်သန်းသွားလာ ခြင်းများ မပြုကြရန်နှင့် ကျန်ရှိနေသော မိုင်းများလည်းရှိသေးကြောင်း 27 Revolution Force အဖွဲ့က သတိပေးသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် တော်လှန်သင်္ကြန်အဖြစ် စစ်ကောင်စီတပ်သားများ၊ ရဲနှင့် ပျူစောထီးများသောင်းကျန်းနေသော ၎င်းတို့၏ ဗဟိုမဏ္ဍပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ များက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်သည် မြင်းခြံမြို့၏ စစ်ကောင်စီ အကောင်ကြီးများနှင့် ပျူစောထီးခေါင်းဆောင်များ၊ ဒလံများ ဦးစီးကျင်းပနေပြီး ခံတပ်သဖွယ် စနိုက်ပါသမားများ၊ ဘန်ကာများ ၊ကင်းပုန်းများအထပ်ထပ်ချ ထားသောနေရာတစ်ခုဖြစ်ကြောင်း၊ ယနေ့(ဧပြီ ၁၄ ရက်) နံနက် ၁၁နာရီမိနစ်၄၀အချိန်တွင် 27 Revolution Force အဖွဲ့မှ ပညာရှင် လူငယ်လေးများဦးဆောင်ပြီး လုံခြုံရေးယူထားသော စစ်တပ်၊ ရဲနှင့် ပျူများအား ပညာရှိရှိ ဘေးကင်းစွာ အသာအယာဖြင့် ဗဟိုမဏ္ဍပ်ကြီး ရှေ့တည့်တည့်တွင် လျှို့ဝှက်သယ်ဆောင်လာသော မိုင်း သုံးလုံး ဆိုင်ကယ်ထဲထည့်ပြီး အဝေးထိန်းစနစ်ဖြင့် မိုင်းများခွဲပေးလိုက်ရာ ပေါက်ထွက်ခဲ့ပြီး ပျူနှင့်ဒလံများ မူးရူးကနေရာအထိရောက်ခဲ့၍ အစောင့်စစ်သားများမှာလည်း ရမ်းသမ်းပစ်ခတ်ပြီး တွေ့ရာလူပြဿနာရှာ ကျန်ရစ်ခဲ့ကြောင်း 27 Revolution Force အဖွဲ့က သတင်းထုတ်ပြန်သည်။

“မြင်းခြံမှာ စကစ ဘက်ကနေ မြို့တည်ငြိမ်မှုရှိတယ်။အေးချမ်းတယ်ဆိုပြီး အတုအယောင် မဏ္ဍပ်ကြီးထိုးပြီး လုပ်ထားတာပါ။ ဒီနေ့ခွဲခဲ့တဲ့မိုင်းက သာမန်အရပြောရမယ်ဆိုရင် ကားမိုင်း၅လုံးစာနဲ့ ညီမျှတဲ့ယမ်းအားနဲ့ ဖောက်ခွဲခဲ့တာပါ။”ဟု 27 Revolution Force အဖွဲ့က သတင်းတာဝန်ခံက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ မြင်းခြံဗဟိုမဏ္ဍပ်အနီး ဖြတ်သန်းသွားလာ ခြင်းများ မပြုကြရန်နှင့် ကျန်ရှိနေသော မိုင်းများလည်းရှိသေးကြောင်း 27 Revolution Force အဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

တော်လှန်သင်္ကြန် မိုင်းခွဲတိုက်ခိုက်မှုတွင် 27 Revolution Force ၊မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအထူးတပ်ဖွဲ့ ( MSPDF ) နှင့် မြေလတ် အဖွဲ့တို့မှ ပါဝင်အားဖြည့်ကူညီပေးခဲ့ကြောင်း ၎င်းတို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့