Connect with us

Hi, what are you looking for?

News

တိုင်းရင်းသားလက်နက်ကိုင်များ NUG ပူးပေါင်းပြီး စစ်ကောင်စီပြုတ်ကျရေး တိုက်ပွဲဝင်ရန် KNPP အတွင်းရေးမှူးတိုက်တွန်း

“တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဘုံရန်သူ အကြမ်းဖက် စစ်အာဏာရှင်ပြုတ်ကျရေး အတွက် ဟန်ချက်ညီညီနဲ့ တိုက်ပွဲဝင်သွား ဖို့လိုအပ်သလို NUG အစိုးရနဲ့လည်း ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားလိုပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

အကြမ်းဖက်စစ်တပ်ပြုတ်ကျရေအတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ဟန်ချက်ညီညီဖြင့် ခုခံတော်လှန်သွားမည်ဆိုပါက အနှေးနှင့်အမြန် စစ်ကောင်စီပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် နိုင်မည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး(၂) ဦးဆောင်ဆန်းမြင့်က ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အတွက် ဦးဆောင်ဆန်းမြင့်က အမှတ်တရ စကားပြောကြားရာ၌ ယင်းသို့ ပြောဆို ခြင်းဖြစ်သည်။

“တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဘုံရန်သူ အကြမ်းဖက် စစ်အာဏာရှင်ပြုတ်ကျရေး အတွက် ဟန်ချက်ညီညီနဲ့ တိုက်ပွဲဝင်သွား ဖို့လိုအပ်သလို NUG အစိုးရနဲ့လည်း ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားလိုပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

အကြမ်းဖက်စစ်တပ် ပြုတ်ကျရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ခုတည်း၏ တာဝန်ဟုပြော၍ မရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပြည်သူလူထု တစ်ရပ်လုံးကနေပြီးတော့မှ ဒီစစ်အာဏာရှင် ပြုတ်ကျရေး အတွက် အရေးကြီးတဲ့ အချိန်ကာလဖြစ်သလို ပြည်သူလူထုရဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် မှုက အရေးကြီးပြီး တာဝန်တွေလည်း ကိုယ်စီရှိတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်”ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

လက်ရှိတွင် ချင်း၊ကရင်နီ၊ စစ်ကိုင်း ၊မကွေး အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပြိုပျက်ကုန်ပြီဖြစ်သကဲ့သို့ စစ်ကောင်စီတပ်၌လည်း အကျအဆုံးများစွာဖြင့် မတည်မငြိမ်ဖြစ်နေသည်ကို ပြည်သူများ တွေ့ရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

“တိုင်းပြည်မှာ လူထုကိုလက်နက်အားကိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျနေတဲ့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် နိုင်ငံရေးအရ စစ်ရေးအရ တစ်ပြိုင်နက်တည်း လုပ်ဆောင်ဖို့ လိုအပ် နေတာဖြစ်တဲ့အတွက် အစောပိုင်းမှာ NUGအစိုးရ အနေနဲ့ အခက်အခဲများစွာ လိုအပ်ချက် ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီနေ့ တနှစ်တာအတွင်းမှာတော့ အားလုံးကို ခြုံကြည့်မယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်နဲ့ စတိတ်ဟိုဒါတွေနဲ့ ချိတ်ဆက်မှုအား ပိုကောင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးအောင်ဆန်းမြင့်က ပြောကြားသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ အဓိက နိုင်ငံရေးဦးတည်ချက်ဖြစ်သည့် အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး အချက်များကို အမျိုးသားညီညွတ်ရေးအတိုင် ပင်ခံ ကောင်စီ(NUCC) ၌ ရေးဆွဲပြီး ပြည်သူ့ညီလာခံက အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၁)နှင့် (၂)တွင် အတိအလင်း ဖော်ပြထားကြောင်း၊ ယင်းသည် တိုင်းရင်းသားပြည်သူ များ၏ အနာဂတ်အတွက် အာမခံထားသည့် အရာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

NUG အစိုးရ အနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အတိုင်း တိကျစွာ အကောင် အထည်ဖော်သွားရန်လိုအပ်ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။

NUG ဖွဲ့စည်းမှု တစ်နှစ်ပြည်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးမာဝီကလည်း အမှတ်တရ စကားပြောကြားခဲ့ရာ တစ်နှစ် အတွင်း NUG၏လုပ်ရပ်နှင့် ကြိုးစားအားထုတ် မှုများကို အသိအမှတ်ပြုသည်ဟု ဆိုသည်။

“ ရှေ့ဆက်ပြီးတော့လည်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သစ်ကြီးတစ်ခု ပေါ်ပေါက်ဖို့ရန် အတွက် ကျွန်တော်တို့ အားလုံးအတူတကွ လက်တွဲတွန်းလှန်ပြီးတော့မှ အောင်မြင်မှုပန်းတိုင်တွေကို ဆွတ်ခူးကြရမယ်လို့ ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဆက်လက်ပြီးတော့ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးအတွက် စစ်မှန်တဲ့ ဦးဆောင်မှုတွေ စစ်မှန်တဲ့လမ်းပြမှုတွေကို ဆက်လက်လုပ်ဆောင်ပေးပါ အားကိုးပါတယ်။ ကျွန်တော်တို့လေးစားပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း တက်နိုင်တဲ့ဖက်ကနေ အစွန်းဆုံအထိ ကျွန်တော်တို့ တွန်းလှန်တိုက်ခိုက်သွား မယ်လို့ ဒီမှာကတိသစ္စာပြုရင်းနဲ့ NUGကို ဂုဏ်ပြုပါတယ်”ဟု ၎င်းက ပြောသည်။

KNPP၏ ကရင်နီတပ်မတော်(KA)နှင့် KNDF တို့သည် ကရင်နီ(ကယား) ပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။