Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် နှစ်ရက်ကြာတိုက်ပွဲအတွင်း စစ်​ကောင်စီတပ် ​လေးဦးထက်မနည်းသေဟု ​အောင်ဆန်းတပ်​ပြော

နှစ်ရက်ကြာ တိုက်ခိုက်မှုများအား Royal Eagle၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ​အောင်ဆန်းတပ်က အသိပေးထား သည်။

(အောင်ဆန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့်ပျူ လေးဦးထက်မနည်းသေဆုံးနိုင်ကြောင်း​ အောင်ဆန်းတပ်(Aung San Force -ASF)က ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၅ ရက်) သင်္ကြန်အကြတ်နေ့ နေ့လယ်က ပုလဲမြို့နယ် ဇီးဖြူကုန်းရွာအတွင်းရှိ စစ်​ကောင်စီတပ်နှင့် ပျူများသည် သင်္ကြန်သီချင်းများ ဆူညံစွာဖွင့်၍ မိုက်ဖြင့်ရမ်းကားအော်ဟစ်နေသောကြောင့် မုံရွာခရိုင် တပ်ရင်း (၅)၊ တပ်ခွဲ(၁)၊ ASFနှင့် မဟာမိတ်များပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့်ပျူများ ထိခိုက်ကျဆုံးများရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း ​အောင်ဆန်းတပ်က ပြောသည်။

ယနေ့ (ဧပြီ ၁၆ ရက်)တွင်လည်း ဇီးဖြူကုန်းရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ​အောင်ဆန်းတပ်၏ လင်းယုန်အဖွဲ့မှ ဒရုန်းဖြင့် သုံးကြိမ်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် (၁၀)လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ တိုက်ခိုက်မှုတွင် စစ်သားနှင့်ပျူ ​လေးဦးခန့် သေဆုံးနိုင်ကြောင်း ​အောင်ဆန်းတပ်က အသိပေးသည်။

နှစ်ရက်ကြာ တိုက်ခိုက်မှုများအား Royal Eagle၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ​အောင်ဆန်းတပ်က အသိပေးထား သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇီးဖြူကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားပြီး ပျူစောထီးသင်တန်းများပါ ပေးနေ၍ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။