Connect with us

Hi, what are you looking for?

News

ဒူးပလာယာခရိုင်ထဲ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း မသွားလာကြဖို့ သတိပေးထား

မြ၀တီ-ကော့ကရိတ်အာရှလမ်းနဲ့ မြ၀တီ-ဝေါ်လေကားလမ်နဲ့ပတ်သက်ပြီး ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ရဲ့ အရင်ထုတ်ပြန်ထားတဲ့ ကြေငြာချက်အတိုင်း ဆက်လက်လိုက်နာရမယ်လို့လည်း ဖော်ပြထားပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင်နယ်မြေအတွင်းမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာတာတွေမလုပ်ဖို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ အခြေအနေအရ မော်တော်ယာဉ်လမ်းမကိုအသုံးပြုကာ ခရီးသွားလာသူတွေအားလုံးနဲ့ပတ်သက်ပြီး ကေအဲန်ယူ-ဒူးပလာယာခရိုင်က ခရီးသွားလာခြင်းစည်းကမ်းထုတ်ပြန်ချက်တွေကို ဒီကနေ့မှာ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးဌာနကနေ ထုတ်ပြန်တာဖြစ်ပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၆ နာရီကနေ ည ၇ နာရီအတွင်း သွားလာကြဖို့၊ အဖွဲ့အစည်းတာတာဝန်ရှိသူတွေရဲ့ လိုအပ်သလို စစ်ဆေးမှုတွေကို ကြည်ဖြူစွာခံယူဖို့၊ စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းချိန်မှာ မော်တော်ယာဉ်မှန်တံခါးကို ဖွင့်ထားပေးဖို့၊ ဆိုင်ကယ်နဲ့သွားလာသူတွေက ဆိုင်ကယ်ဦးထုတ်ကို ချွတ်ထားပေးဖို့ ပါရှိတာပါ။

Public Service Announcement

ဒါ့အပြင် ခရီးသွားလာသူတွေအနေနဲ့ မဖြစ်မနေသွားလာဖို့လိုအပ်မယ့် အရေးအပေါ်အခြေအနေတွေ၊ အဖွဲ့အစည်းလုပ်ငန်းတွေ ကျန်းမာရေးအခြေအနေတွေ၊ ဒေသခံလူထုတွေအနေနဲ့ လုပ်ငန်းခွင်ကိုသွားဖို့ လိုအပ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြေအလည်ညှိနှိုင်းပြီး ခွင့်ပြုချက်ရယူသွားလာဖို့လည်း စည်းကမ်းချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အထက်ဖော်ပြပါစည်းကမ်းချက်တွေအတိုင်း ခရီးသွားတွေအနေနဲ့ လိုက်နာမှုမရှိပါက လိုအပ်သလိုအရေးယူတာတွေခံရမှာဖြစ်ပြီး အဲ့ဒီစည်းကမ်းချက်တွေကို ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်တာတွေ မပြုလုပ်သေးသရွေ့ အတည်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါသေးတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းနဲ့ မြ၀တီ-ဝေါ်လေကားလမ်နဲ့ပတ်သက်ပြီး ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ရဲ့ အရင်ထုတ်ပြန်ထားတဲ့ ကြေငြာချက်အတိုင်း ဆက်လက်လိုက်နာရမယ်လို့လည်း ဖော်ပြထားပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်အတွင်းမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေအကြား စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေပြီး ဒေသခံပြည်သူပေါင်း ၃၀၀၀၀ ဝန်းကျင်ခန့် စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။