Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒူးပလာယာခရိုင်ထဲ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း မသွားလာကြဖို့ သတိပေးထား

မြ၀တီ-ကော့ကရိတ်အာရှလမ်းနဲ့ မြ၀တီ-ဝေါ်လေကားလမ်နဲ့ပတ်သက်ပြီး ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ရဲ့ အရင်ထုတ်ပြန်ထားတဲ့ ကြေငြာချက်အတိုင်း ဆက်လက်လိုက်နာရမယ်လို့လည်း ဖော်ပြထားပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင်နယ်မြေအတွင်းမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာတာတွေမလုပ်ဖို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ အခြေအနေအရ မော်တော်ယာဉ်လမ်းမကိုအသုံးပြုကာ ခရီးသွားလာသူတွေအားလုံးနဲ့ပတ်သက်ပြီး ကေအဲန်ယူ-ဒူးပလာယာခရိုင်က ခရီးသွားလာခြင်းစည်းကမ်းထုတ်ပြန်ချက်တွေကို ဒီကနေ့မှာ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးဌာနကနေ ထုတ်ပြန်တာဖြစ်ပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၆ နာရီကနေ ည ၇ နာရီအတွင်း သွားလာကြဖို့၊ အဖွဲ့အစည်းတာတာဝန်ရှိသူတွေရဲ့ လိုအပ်သလို စစ်ဆေးမှုတွေကို ကြည်ဖြူစွာခံယူဖို့၊ စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းချိန်မှာ မော်တော်ယာဉ်မှန်တံခါးကို ဖွင့်ထားပေးဖို့၊ ဆိုင်ကယ်နဲ့သွားလာသူတွေက ဆိုင်ကယ်ဦးထုတ်ကို ချွတ်ထားပေးဖို့ ပါရှိတာပါ။

Public Service Announcement

ဒါ့အပြင် ခရီးသွားလာသူတွေအနေနဲ့ မဖြစ်မနေသွားလာဖို့လိုအပ်မယ့် အရေးအပေါ်အခြေအနေတွေ၊ အဖွဲ့အစည်းလုပ်ငန်းတွေ ကျန်းမာရေးအခြေအနေတွေ၊ ဒေသခံလူထုတွေအနေနဲ့ လုပ်ငန်းခွင်ကိုသွားဖို့ လိုအပ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြေအလည်ညှိနှိုင်းပြီး ခွင့်ပြုချက်ရယူသွားလာဖို့လည်း စည်းကမ်းချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အထက်ဖော်ပြပါစည်းကမ်းချက်တွေအတိုင်း ခရီးသွားတွေအနေနဲ့ လိုက်နာမှုမရှိပါက လိုအပ်သလိုအရေးယူတာတွေခံရမှာဖြစ်ပြီး အဲ့ဒီစည်းကမ်းချက်တွေကို ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်တာတွေ မပြုလုပ်သေးသရွေ့ အတည်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါသေးတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းနဲ့ မြ၀တီ-ဝေါ်လေကားလမ်နဲ့ပတ်သက်ပြီး ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ရဲ့ အရင်ထုတ်ပြန်ထားတဲ့ ကြေငြာချက်အတိုင်း ဆက်လက်လိုက်နာရမယ်လို့လည်း ဖော်ပြထားပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်အတွင်းမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေအကြား စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေပြီး ဒေသခံပြည်သူပေါင်း ၃၀၀၀၀ ဝန်းကျင်ခန့် စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။