Connect with us

Hi, what are you looking for?

News

ရိုးမ​တောင်​ကြောတွင် တိုက်ပွဲသုံးကြိမ်ဖြစ်ရာ စစ်​ကောင်စီတပ်မှအရာရှိအပါအဝင်၂၀ဦး​သေ၊၃၀ကျော်ဒဏ်ရာရ

တိုက်ပွဲ ဖြစ်စဥ်များမှာ ဧပြီ ၈ ရက်မှ ၁၄ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကိုလူထုတော်လှန်ရေးမဟာမိတ်နှင့် Asho Chin Defence Force-ACDF တို့ ပူးပေါင်းခုခံခဲ့သည်ဟု ဆိုသည်။

●လက်နက်ခဲယမ်းများသိမ်းဆည်းရမိဟု လူထု​တော်လှန်​ရေးမဟာမိတ်အဖွဲ့​ပြော

မကွေးတိုင်း၊ငဖဲ နှင့် စေတုတ္တရာမြို့နယ် အနောက်ဘက်ရှိ ရခိုင်ရိုးမတောင်ကြောတွင်အကြမ်း ဖက်စစ်ကောင်စီတပ်နှင့်တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါ အဝင် သေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိခဲ့ကြောင်း People’s Revolution Alliance လူထုတော်လှန်ရေးမဟာမိတ် က ယနေ့ (ဧပြီ ၁၉ ရက်)ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များမှာ ဧပြီ ၈ ရက်မှ ၁၄ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကိုလူထုတော်လှန်ရေးမဟာမိတ်နှင့် Asho Chin Defence Force-ACDF တို့ ပူးပေါင်းခုခံခဲ့သည်ဟု ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများရယူကာ စခန်းသိမ်းကျားထိုးတက်လာခဲ့ကြပေမယ့် ကျွနုပ်တို့ပူးပေါင်းတပ်မှ နယ်မြေကျွမ်းကျင်မှုအသာစီးယူပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တာကြောင့် အကြမ်း ဖက်စစ်ကောင်စီတပ်က အကျအဆုံးများစွာနဲ့ နောက်ဆုတ်သွားခဲ့ပါသည်”ဟု People’s Revolution Alliance က အသိပေးသည်။

Public Service Announcement

Public Service Announcement

အတွင်းသတင်းများအရ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် တစ်ဦးသည် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ပြီး အရာရှိနှစ်ဦးလည်း လက်နက်နှင့်တကွ ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံမှလက်နက်နှင့် ကျည်အမြောက်အများသိမ်းဆည်းရမိခဲ့သည်ဟုလည်းပါရှိသည်။

လူထုတော်လှန်ရေးမဟာမိတ်နှင့် Asho Chin Defence Force-ACDF ပူးပေါင်းတပ်မှလည်း ရဲဘော်သုံးဦး လက်နက်ကြီးထိမှန်ခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း​လည်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook