Connect with us

Hi, what are you looking for?

News

စခန်းမှူးသေဆုံးခဲ့သည့် ကျင်းရွာနယ်မြေရဲစခန်းသိမ်း တိုက်ပွဲထီးလင်းPDFထုတ်ပြန်၊ လက်နက် ၁၉လက်ထက်သိမ်းဆည်းရမိ

လက်နက်မချဘဲ ခုခံခဲ့သည့် ကျင်းနယ်မြေရဲစခန်းမှုး (၂ )ပွင့်ဗိုလ် ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၂)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့်ကျင်းကျေးရွာအတွင်းရမ်းသမ်းပစ်ခတ်၍ လူနေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

(ကျင်းနယ်​မြေရဲစခန်းသိမ်းရာမှရရှိ​သောလက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-ထီးလင်း-PDF)

●စစ်ကူလာ​သောတပ်အား ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထပ်မံသေဆုံး

မကွေးတိုင်း ထီးလင်းမြို့နယ် ကျင်းရွာနယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်ချအလင်းဝင်ရန် အခွင့်အရေးပေးခဲ့သော်လည်း လက်မခံ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီး နယ်မြေရဲစခန်းမှူးသေဆုံးသွားကြောင်း ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က တရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲသည် မကွေးတိုင်း ဂန့်ဂေါခရိုင် အတွင်းက ပထမဦးဆုံး စခန်းသိမ်းတိုက်ပွဲအောင်မြင်မှု့ ဖြစ်သည်ဟု ဖော်ပြထားသည်။

ဧပြီ ၁၇ရက်က ကျင်းကျေးရွာ နယ်မြေခံရဲစခန်းကို ထီးလင်း PDF တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ PDF တပ်ဖွဲ့ဝင်များမှလက်နက်ချ အလင်းဝင်ရန်တိုက်တွန်းအော်ဟစ်၍ အခွင့်ရေးပေးခဲ့သော်လည်း လက်မခံပဲ ခုခံခဲ့သောကြောင့် အပြန်အလှန်ပစ်ခတ်မှု့ ၄၅ မိနစ်ခန့်ဖြစ်ပွားပြီး ရဲစခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ကျင်းနယ်​မြေရဲစခန်းသိမ်းရာမှရရှိ​သောလက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-ထီးလင်း-PDF)

လက်နက်မချဘဲ ခုခံခဲ့သည့် ကျင်းနယ်မြေရဲစခန်းမှုး (၂ )ပွင့်ဗိုလ် ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၂)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့်ကျင်းကျေးရွာအတွင်းရမ်းသမ်းပစ်ခတ်၍ လူနေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံးမရှိဘေးကင်းစွာ ပြန်လည်
ဆုတ်ခွာနိုင်ခဲ့ပြီး ၊လက်နက် ၁၉ လက်သိမ်းဆည်းနိုင်ခဲ့​ကြောင်းသတင်းဓါတ်ပုံနှင့်တစ်ကွထုတ်ပြန်သည်။ အင်တာနက်အခက်အခဲ​ကြောင်း သတင်းထုတ်ပြန်မှု ​နောက်ကျခြင်းကိုလည်းPDF ထီးလင်းက​တောင်းပန်ထားသည်။

ထိုအပြင်ကျင်းရွာနယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထီးလင်း PDF တပ်ဖွဲ့ဝင်များနှင့် ထီးလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့သည် ကျင်းကျေးရွာ အရှေ့ပုံတောင်နတ်ထိပ်တွင် အထိုင်ချ ကင်းပုန်းယူပြီး စစ်ကူလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့​ကြောင်းလည်းထီးလင်း PDFက ထုတ်ပြန်သည်။

ကင်းပုန်းယူနေသည့် ထီးလင်း PDFနှင့် ထီးလင်း ပကဖ တပ်ဖွဲ့ဝင် ၃၂ဦး နှင့် က.ပ.စ ၂၄မှ စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ် တို့သည် ဧပြီ ၁၇ရက် ည ၇နာရီကျော်တွင် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သည်ဟု​ဖော်ပြထားသည်။ ထီးလင်း PDF တပ်ဖွဲ့ဝင် ၃ဦး ပိတ်မိနေသော်လည်း စစ်ကောင်စီတပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ပိတ်မိတပ်ဖွဲ့ဝင်များကို ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ