Connect with us

Hi, what are you looking for?

LuduNwayOo

News

တပ်မဟာ ၆ နယ်မြေအတွင်းခရီးသွားလာမှုစည်းကမ်းချက်ထုတ်ပြန်ရတဲ့အကြောင်းရင်းကို KNU ပြောခွင့်ရှိသူ ရှင်း

စစ်ကောင်စီဟာ အာရှလမ်းမကိုအသုံးပြုပြီး စစ်ရေးအရ အသုံးချလာတဲ့အပေါ်မှာ ကေအဲန်ယူကလည်း စစ်ရေးအရ ပြန်ပြီးတုံ့ပြန်ရတဲ့ဟာတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ မလွဲသာလို့ သွားလာရမယ်ဆိုပါက သတိရှိရှိသွားလာကြဖို့ ပဒိုစောတောနီးက ထပ်လောင်းအသိပေး ပြောပါသေးတယ်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ခရီးသွားလာမှုစည်းကမ်းချက်ထုတ်ပြန်လိုက်တာဟာ စစ်ကောင်စီက အရပ်သားပြည်သူကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ သတိထားပြီး သွားလာကြဖို့ဖြစ်တယ်လို့ ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

ဒူးပလာယာခရိုင်အတွင်းမှာ လတ်တလောဖြစ်ပေါ်လျက်ရှိနေတဲ့ အခြေအနေအရ မော်တော်ယာဉ်လမ်းမကိုအသုံးပြုပြီး သွားလာနေတဲ့ ခရီးသွားပြည်သူတွေအားလုံးအတွက် ခရီးသွားလာမှုစည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တပ်မဟာ ၆ က အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲ့ဒီစည်းကမ်းချက်တွေထဲမှာ ဒူးပလာယာခရိုင်အတွင်း ည ၇ နာရီကနေ မနက် ၆ နာရီအထိ သွားလာတာတွေမပြုလုပ်ဖို့၊ မနက် ၆ နာရီကနေ ည ၇ နာရီအတွင်းသာ သွားလာကြဖို့၊ ခရီးသွားပြည်သူတွေအနေနဲ့ အဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုတွေကို ကြည်ဖြူစွာခံယူဖို့၊ အရေးပေါ်အခြေအနေအရ မဖြစ်မနေ သွားလာဖို့လိုအပ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ညှိနှိုင်းခွင့်ပြုချက်ရယူပြီး သွားလာဖို့ စတဲ့ စည်းကမ်းချက်တွေပါရှိပြီး မလိုက်ပါက အရေးယူတာတွေခံရမယ်လို့ ပါရှိတာပါ။

Public Service Announcement

“ဒါက စစ်ရေးက အချိန်မရွေး ဒီလိုဖြစ်လာနိုင်တဲ့အနေအထားမှာရှိတော့ သွားသတိလာသတိ။ စစ်ကောင်စီဘက်ကလည်း အထူးသဖြင့် အရပ်သားအကာအကွယ်ယူပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ အမြဲတမ်းလုပ်နေတဲ့အခါကျတော့ အဲ့ဒီမှာရောပြီးတော့ မပါသွားဖို့အရေးကြီးတယ်လေ။

Public Service Announcement

Public Service Announcement

ရပ်သားပစ်မှတ်ကို တတ်နိုင်သလောက်တော့ ရှောင်နေရတာပေါ့။ ဒါပေမဲ့ အဲ့ဒီမှာ တိုက်ပွဲတွေဘာတွေဖြစ်လာပြီဆိုရင် အဲ့ဒါတွေက လူထုတွေကိုသွားထိခိုက်ရင် မကောင်းဘူးလေ။ အဲ့ဒါကြောင့်မို့လို့ ဒီကနေ ရှင်းရှင်းလင်းလင်းထုတ်ထားတဲ့ဟာပဲရှိတယ်။ သတိလည်းပေးတာလည်းပါတာပေါ့လေ” လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်-မြ၀တီအာရှလမ်းမနဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမကို ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် အလုပ်အမှုဆောင်ကော်မတီရဲ့ အရင်က ထုတ်ပြန်ထားတဲ့ ကြေငြာချက်အတိုင်းပဲ ဆက်လက်လိုက်နာဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိသေးတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာရှလမ်းမကိုအသုံးပြုပြီး စစ်ရေးအရ အသုံးချလာတဲ့အပေါ်မှာ ကေအဲန်ယူကလည်း စစ်ရေးအရ ပြန်ပြီးတုံ့ပြန်ရတဲ့ဟာတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ မလွဲသာလို့ သွားလာရမယ်ဆိုပါက သတိရှိရှိသွားလာကြဖို့ ပဒိုစောတောနီးက ထပ်လောင်းအသိပေး ပြောပါသေးတယ်။

“စစ်ကောင်စီကနေပြီးတော့ အဲ့ဒီလမ်းကို သူ့ရဲ့ထောက်ပို့လမ်းကြောင်းအဖြစ်နဲ့ စစ်ရေးအရကို တော်တော်လေးကို အသုံးချလာတဲ့အခါမှာ ကျနော်တို့ ဒီအတိုင်းထိုင်ကြည့်လို့မရတဲ့အပေါ်မှာတော့ စစ်ရေးအရ ပြန်ပြီးတော့တုံ့ပြန်ရတဲ့ဟာတွေရှိတယ်။ သို့သော်ငြားလည်းပဲ လူထုရဲ့စားဝတ်နေရေးအတွက်ကလည်း တဖက်ကနေပြန်ပြီးတော့ နားလည်မှုရှိရမယ်ဆိုတာလည်း ကျနော်တို့ကလည်း လုံး၀မငြင်းတဲ့အပေါ်မှာတော့ ရံဖန်ရံခါ ဒါကလည်းယာယီသဘောပဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွားတဲ့လာတဲ့အခါမှာလည်းပဲ စစ်ကောင်စီနဲ့ ရှင်းရှင်းကင်းကင်းနေနိုင်ရင် အကောင်းဆုံးပေ့ါလေ။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်ပွဲတွေကတော့ ဘယ်လိုမှကြိုတင်ခန့်မှန်းလို့မရပဲနဲ့ ဖြစ်လာနိုင်တဲ့ဟာကျတော့ အဲ့ဒါ လူထုကိုသွားပြီးတော့ မထိဖို့ဆိုတာ သိပ်အရေးကြီးတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့ဒါလည်း သတိပေးတဲ့သဘောလည်းပါတာပေါ့” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF)တွေက စစ်ရေးလှုပ်ရှားမှုနဲ့ ထိုးစစ်ဆင်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တဲ့အတွက် ၁၅ ရက်တာအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေပစ်ခတ်မှုအကြိမ်ပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၉၀ နီးပါး ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။