Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့တွင် အသံမိုင်းပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

မကွေးတိုင်းအတွင်း ပခုက္ကူခရိုင်သည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတော်လှန်မှုအားကောင်းသော​ဒေသတစ်ခုဖြစ်ပြီး ခရိုင်ရုံးစိုက်ရာ ပခုက္ကူမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက်ခံနေရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အသံမိုင်းပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနှစ်ဦးသေဆုံးကြောင်း ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြော သည်။

ပခုက္ကူမြို့နယ်တွင် ယနေ့ (ဧပြီ ၁၉ ရက်) နံနက် ၁၀ နာရီဝန်းကျင်ခန့်က ထုတ်ပြန်ထားသော ကြေညာချက်များအား လေးစားလိုက်နာမှုမရှိသော အိမ်စီးကားတစ်စီးမှာ မှန်မချဘဲ မောင်းနှင်လာသောကြောင့် သတိပေးသည့်အနေဖြင့် ထိခိုက်မှုမဖြစ်စေရန် (အသံမိုင်း)ဖြင့် ဖောက်ခွဲသတိပေးခဲ့ကြောင်း၊ နောက်နောင်များတွင် ထုတ်ပြန်ချက်များကို မထီမဲ့မြင်ပြုမှုများ ထပ်မံပြုလုပ်နေပါက သတိပေးမည့်အဆင့်ထက် ပိုမည်ဖြစ်ကြောင်း ပခုက္ကူအခြေစိုက် မဟာမိတ်အဖွဲ့များက သတိပေးသည်။

၎င်းဖြစ်စဥ်အား လာရောက်စစ်ဆေးသော စစ်သားနှင့်ရဲများအား နောက်ချန်မိုင်း (RPG)ဖြင့် အသင့်စောင့်ဆိိုင်းနေပြီး ပစ်မှတ်များရောက်ရှိလာချိန်တွင် ဆက်လက်ဖောက်ခွဲခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်စဥ်နှင့်အတူ အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးသည်ဟု ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းပေးပို့လာကြောင်း Pakkokku Ranger အဖွဲ့က ပြောသည်။

Public Service Announcement

အဆိုပါစစ်ဆင်ရေးအား ပခုက္ကူခရိုင်အတွင်းရှိမဟာမိတ်များဖြစ်သော မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊RSO(PKU) ၊Pakkokku Ranger၊ Young Force (UG)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအခြေစိုက်စခန်းများသို့ အထိအခိုက်မရှိ ပြည်လည်ရောက်ရှိကြောင်း မဟာမိတ်အဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဖြစ်တာက စက်မှုဇုန်နဲ့မြို့သစ်လမ်းမှာဖြစ်တာပါ။ သူတို့လာတဲ့ကားက Point ကားနဲ့ပါပဲဗျ။ ပြီးတော့ အိမ်စီးကား Mark 2 နဲ့ ဆိုတော့ စစ်ကားသုံးစီးလောက်ကမြို့သစ်နဲ့စက်မူ့ဇုန် ဝန်းကျင်မှာ နေရာယူထားကြတာပါ။ အင်အားက ခန့်မှန်း၁၅ဦး ဝန်းကျင်လောက်ပါ။အဲဒါကို ကျွန်တော်တို့ ပထမအကြိမ် အုန်းပြီးတော့ နောက်ချန် ပွိုင့်နားမှာ အ​ကြမ်းဖက်စစ်သား တွေရောက်လာပြီး စစ်ဆေးတဲ့ အချိန် ဒုတိယအကြိမ်ထပ်အုန်းတာ။ ၂ ကောင် ဂန့်ပြီး နှစ်ကောင်အထက် ဒဏ်ရာပြင်းထန်နိုင်တယ်။ အဲဒီနားမှာ ၆ ကောင်စစ်နေတာလို့သိရတယ်။ပြည်သူကို မှာကြားချင်တာကတော့ ကျွန်တော်
တို့ထုတ်ပြန်ချက်တွေကို အထူးအလေးထားစေချင်ပါတယ်ဗျာ။ ကျွန်တော်တို့ ကိုင်နေတာက မိုင်းဗျ။ မိုင်းတောင် အရင်ကလို ရိုးရိုးမဟုတ်တော့ဘူး Military Grade ရှိနေပြီဆိုတာ သိစေချင်ပြီ။ ဆိုတော့ကာ အစစအရာရာ အတွက်ကြိုတင်ပြင်ဆင်ထားကြပါဗျာ။”ဟု Pakkokku Ranger အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မကွေးတိုင်းအတွင်း ပခုက္ကူခရိုင်သည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတော်လှန်မှုအားကောင်းသော​ဒေသတစ်ခုဖြစ်ပြီး ခရိုင်ရုံးစိုက်ရာ ပခုက္ကူမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။