Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်းတွင်သံချပ်ကာကား၊ မိုင်းရှင်းကားများပါ​သောစစ်​ကောင်စီတပ်မိုင်းနှစ်ကြိမ်ဆွဲခံရ ၂၀ ​ကျော်​သေ

“မနေ့မနက် ၈း၂၀ လောက်မှာဖြစ်တာပါ။ ယာဉ်တန်းက မုံရွာကနေထွက်လာတာပါ။စစ်ကိုင်းကိုသွားတာဖြစ်မယ်။ ဒီတစ်ခါမိုင်းဆွဲတိုက်ခိုက်မှုက အရင်ဟာတွေထက် ပိုမိုခက်ခဲတယ်။ အချိန်တွေပေးရတယ်။ “ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

(မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ဝင်များ ။ ဓါတ်ပုံ-CDSOM)

မိုင်းရှင်းလင်းရန်​သောစစ်​ကောင်စီတပ်မိုင်းထိ့ပြီးတိုက်ခိုက်ခံရ၍၁၀ဦးထပ်မနည်း​သေ CDSOMထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်သံချပ်ကာကား၊ မိုင်းရှင်းကားများပါ လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၉ ဖွဲ့က နှစ်နေရာခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။ယမန်နေ့ (ဧပြီလ ၁၉ ရက်နေ့)က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်တွင် မုံရွာမှထွက်လာသော Jumper ကားတစ်စီး၊ စစ်တပ်လိုက်ပါလာသောကားတစ်စီး၊သံချပ်ကာကားတစ်စီး တို့အား အဆင့်မြှင့်ထားသော ရှေ့ထွက်မိုင်း ၁၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၆ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့သ​ည်ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

“မနေ့မနက် ၈း၂၀ လောက်မှာဖြစ်တာပါ။ ယာဉ်တန်းက မုံရွာကနေထွက်လာတာပါ။စစ်ကိုင်းကိုသွားတာဖြစ်မယ်။ ဒီတစ်ခါမိုင်းဆွဲတိုက်ခိုက်မှုက အရင်ဟာတွေထက် ပိုမိုခက်ခဲတယ်။ အချိန်တွေပေးရတယ်။ “ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Jumper(ဗုံးမခွဲနိုင်ရန် ဆက်သွယ်​ရေးစနသ်ဖျက်​တောက်​သောပစ္စည်း) ကားတစ်စီး ထိခိုက်ပျက်စီးပြီး အများအပြားဒဏ်ရာ ရရှိကြောင်း တပ်တွင်းသတင်းများအရ အတည်ပြုနိုင်ကြောင်း၊ အဆိုပါဖြစ်စဥ်အား မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ဦးဆောင်၍ ဗိုလ်နေတိုးအထူးပြောက်ကြားအဖွဲ့ B.N.T F၊ 11Brothers၊ B.G.F (Myingyan) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ ဧပြီလ (၁၉) ရက်နေ့ ၊ နံနက် (၁၀:၁၅) မိနစ်ခန့်မှာပင် မန္တလေး-မုံရွာလမ်းမပေါ် ၊ မုံရွာ မှ မန္တလေးဘက်သို့အသွား၊ ရေပိုးစားရွာ နှင့် ဂွေးပင်တောရွာအကြားတွင် အကြမ်းဖက်စစ်တပ်မှ မိုင်းရှင်းလင်းရေးအတွက် မိုင်းရှင်းကားဖြင့် တက်လာပြီး ကျန်စစ်သားများကကားလမ်းဘေးမှ လမ်းလျှောက်၍ မိုင်းရှာဖွေရန် တက်လာခဲ့ကြကြောင်း၊ ထိုသို့ မိုင်းရှာဖွေနေစဥ်တွင် အကြမ်းဖက်စစ်တပ်မှ ပြည်သူ့ကာကွယ်ရေးတပ်များ ဆင်ထားသော မိုင်းများအနက် (၈) လုံးကို တွေ့ရှိသည်။

မိုင်း၈ လုံး​တွေ့ပြီး​နောက်အကြမ်းဖက်စစ်တပ်မှ လာသမျှ ပြည်သူ့ကားများကို စစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြည်သူများ၏ ကားများကို ပြန်လွှတ်ပြီးချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်များမှ ကျန်ရှိနေသော မိုင်းများကိုခွဲခဲ့ပြီး၊ တစ်ဆက်တည်းမှာပင် တစ်ဖက်ပွင့် (၂)လုံးဖြင့် ထပ်မံပစ်ခတ်ရာ အနည်းဆုံး မိုင်းရှာစစ်သား (၁၀)ဦးထက်မနည်း သေဆုံးပြီး စစ်သားတချို့ကို လူနာတင်ကား ၂ စီးဖြင့် သယ်ဆောင်သွားသည်ဟု ဒေသခံပြည်သူများထံ မှ ကြားသိရကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့-CDSOM (မြို့နယ် ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းစစ်ဆင်ရေးအား မြောင်မြို့နယ် ပကဖ CDSOM၊ Chaung U Revolution Army (CRA)၊ Farmer Revolution Force CHU (FRF)၊ Black Eagle Defense Force – MMU နှင့် ကန္တာရသိန်းငှက် အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိ၊ အန္တရာယ်ကင်းစွာ ဌာနေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့-CDSOM (မြို့နယ် ပကဖ)က အသိပေးသည်။

မုံရွာ-မန္တလေးလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်များကို ​ဒေသတွင်းPDF များက မကြာခဏ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။