Connect with us

Hi, what are you looking for?

သတင်း

ကနီအလယ်ကျွန်းရွာအနီးတိုက်ပွဲ စစ်တပ်အထိနာလို့ ဆူဆိုက်ဒရုန်းဗုံးကြဲပြီးပြန်ဆုတ်

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။

ကနီမြို့နယ်အတွင်းမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-DRPA

ဧပြီ-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။

ဧပြီလ၄ရက်၊မနက်၁၁နာရီခန့်မှာကနီမြို့တစ်ဖက်ကမ်းမှာရှိတဲ့ အလယ်ကျွန်းရွာအနီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အလယ်ကျွန်းရွာဟာစစ်တပ် တပ်စွဲထားတဲ့ ပျူရွာဖြစ်ပြီးကနီမြို့ဘေးကမြေဝါချောင်းတစ်ဖက်ကမ်းမှာ ရှိတာပါ။မြို့ပေါ်ကစစ်တပ်ကအင်အား၅၀ ခန့်နဲ့ ရိက္ခာလာသယ်စဉ်PDFတွေကတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ချောင်းကရေခမ်းနေတာ။နွားလှည်းတွေနဲ့ရိက္ခာလာသယ်ကြတာ။ပိတ်အတိုက်ခံရတော့ဆူဆိုက်ဒရုန်းတွေကြဲပြီးပြန်ပြေးသွားတာ”လို့ဒေသခံသ
တင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲမှာစစ်တပ်ဖက်က နှစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။

မနေ့ကတိုက်ပွဲဖြစ်နေချိန်စစ်တပ်ရဲ့ဂျက်ဖိုက်တာပျံသန်းမှုရှိပြီးအရာတော်မြို့နယ်ထဲကိုဗုံးကြဲသွားတယ်လို့ သိရပါတယ်။မတ်လ ၂၁ ရက်က ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာ
သင်ကျောင်းကို စစ်ကောင်စီကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၃ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ မြန်နှုန်းအမြင့်ဆုံး ပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းကို ယူကရိန်းရဲ့ မြေပြင်အခြေစိုက် အလိုအလျောက် စနစ်သုံး လေကြောင်းကာကွယ်ရေး စက်သေနတ်က ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ