Connect with us

Hi, what are you looking for?

News

မင်းတပ် – မတူပီလမ်း၌ ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၈ဦးသေဟု မတူပီ CDF အသိ​ပေး

မတူပီမြို့နယ် ဗျူဟာတပ်ရင်းများမှာ မင်းတပ် – မတူပီ လမ်းပေါ်ရှိ မတူပီ CDF တပ်ရင်းနယ်မြေထဲသို့ စစ်အင်အားအလုံးအရင်းဖြင့် ဆက်လက် ဖြည့်တင်းနေ၍ တိုက်ပွဲများ ဆက်လက်ပြင်း ထန်လာနိုင်ကြောင်း အသိ ပေးထားသည်။

ချင်းပြည်နယ် မင်းတပ် – မတူပီလမ်းတွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အပါအဝင် ၈ဦးသေဆုံးခဲ့ကြောင်း မတူပီချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၀ရက်) နံနက်ပိုင်း ၁၀နာရီခွဲခန့်က မတူပီမြို့ အခြေစိုက် ခမရ(၃၀၄) တပ်ရင်းအောက်ဘက် မင်းတပ် – မတူပီလမ်းပေါ်ရှိ လည်မျိုချောင်းဆုံတွင် မတူပီ CDFနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆို သည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ရှစ်ယောက်သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မတူပီCDF ဘက်မှ အကျအဆုံးမရှိဟု ဖော်ပြထားသည်။

မတူပီမြို့နယ် ဗျူဟာတပ်ရင်းများမှာ မင်းတပ် – မတူပီ လမ်းပေါ်ရှိ မတူပီ CDF တပ်ရင်းနယ်မြေထဲသို့ စစ်အင်အားအလုံးအရင်းဖြင့် ဆက်လက် ဖြည့်တင်းနေ၍ တိုက်ပွဲများ ဆက်လက်ပြင်း ထန်လာနိုင်ကြောင်း အသိ ပေးထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် မတ်လကုန်ပိုင်းကလည်း မင်းတပ်မှ မတူပီမြို့သို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ် ယာဉ်တန်းနှင့် အဆိုပါ တပ်သွားကြို့သည့် မတူပီ အခြေစိုက်တပ်တို့ကို CDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။