Connect with us

Hi, what are you looking for?

News

ကြားကာလပညာရေးအတွက် မြောင်မြို့နယ်အတွင်း စာသင်ကျောင်း ၂၂ ကျောင်းထိဖွင့်လှစ်လာနိုင်

မြောင်မြို့နယ်အတွင်း စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကျေးရွာ ကျောင်းကော်မတီတွေ ဖွဲ့စည်းပြီးဆောင်ရွက်ကြတာပါ။

စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံး ဆန့်ကျင်တွန်းလှန်ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် အတွင်း အခြေခံပညာစာသင်ကျောင်း ၂၂ ကျောင်းကို အောင်အောင်မြင်မြင်ဖွင့်လှစ်နိုင်ထားပြီလို့ မြောင်ပညာရေးကွန်ရက်က ဒီနေ့မနက်ပိုင်း အသိပေးထုတ်ပြန်လာပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ၂၂ ကျောင်းမြောက် အခြေခံပညာစာသင်ကျောင်းကို ဖွင့်ပွဲလုပ်ခဲ့တာဖြစ်ပြီး ဖွင့်လှစ်လိုက်တဲ့စာသင်ကျောင်းဟာ အထက်တန်းအဆင့်သင်ကြားနိုင်တဲ့ စာသင်ကျောင်းဖြစ်တယ်လို့လည်းသိရပါတယ်။

မြောင်မြို့နယ်အတွင်း စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကျေးရွာ ကျောင်းကော်မတီတွေ ဖွဲ့စည်းပြီးဆောင်ရွက်ကြတာပါ။

ကျောင်းသူ ၊ကျောင်းသားတွေကို ပညာသင်ကြားပေးဖို့အတွက် CDM ဆရာ၊ဆရာမတွေ၊စေတနာနဲ့ဝင်ရောက်လုပ်ကိုင်ပေးတဲ့ ဆရာ၊ဆရာမတွေပါဝင်ကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို မြောင်မြို့နယ်အတွင်းစာသင်ကျောင်းတွေ. ဖွင့်လှစ်နိုင်တာဟာ ရပ်တန့်နေတာကြာပြီဖြစ်တဲ့ ပညာရေးလုပ်ငန်းတွေကို စတင်ခွင့်ရလာတာလို့လည်း မြောင်မြို့နယ်ပညာရေးကွန်ရက်က ဆိုထားပါတယ်။

မြောင်မြို့နယ် ပညာရေးကွန်ရက်ဟာ NUG ပညာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ကာ ကြားကာလပညာရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။