Connect with us

Hi, what are you looking for?

News

ရှပ်အင်္ကျီအပြာရောင်လှုပ်ရှားမှုကို ပြင်သစ်သံရုံး ပူးပေါင်းပါဝင်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ပြင်သစ်သံရုံးက ထပ်လောင်းတောင်းဆိုသည်။

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန် ထပ်လောင်းတောင်းဆို

ပြင်သစ်သံရုံးသည် မတရားဖမ်းဆီးခံရသော ထောင်နှင့်ချီသည့်ပြည်သူများကို စာနာထောက် ထားကာ ရှပ်အင်္ကျီအပြာရောင်လှုပ်ရှားမှု(Blue Shirt Campaign)ကို ပူးပေါင်းဆောင်ရွက်မည် ဟု ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ပြင်သစ်သံရုံးက ထပ်လောင်းတောင်းဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ တော်လှန်ရေးအင်အားစုများက ယနေ့ကျရောက်သော နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီးဦးဝင်းတင်(ဟံသာ၀တီ)ကွယ်လွန်ခြင်း ၈ နှစ်မြောက်နေ့၌ Blue Shirt Campaign ပြုလုပ်ရန် ပြည်သူ လူထုကို တိုက်တွန်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဟံသာ၀တီဦးဝင်းတင်သည် စစ်အာဏာရှင်များ၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရပြီး ထောင်မှပြန်လည်လွတ်မြောက်လာချိန်တွင်လည်း နိုင်ငံရေးအကျဉ်းသားများ မလွတ်မချင်း ထောင်အင်္ကျီအပြာရောင်ကို မချွတ်ဘဲ ကွယ်လွန်ချိန်အထိ ဝတ်ဆင်ခဲ့သည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် တရားမဝင်အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေး ကောက်ခံလွှတ်တော်ကိုယ်စားများ၊ အစိုးရအဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားလူငယ်များစွာကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။

AAPP ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ အာဏာလုမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသဖြင့် အကျဉ်းထောင် အသီးသီး၌ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူပေါင်း အနည်းဆုံး ၁၀,၂၇၁ ဦး ရှိနေပြီဖြစ်သည်။ ထောင်ဒဏ်ချမှတ်ပြီး ၉၉၆ ဦး၊ ထောင်တွင်းမှတရားရင်ဆိုင်နေရသူ ၉,၂၇၅ ဦး ရှိ ကြောင်း AAPP က စာရင်းကောက်ယူထားမှု၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

သတင်း

ဥရောပသမဂ္ဂ(EU)ကလည်း ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သော ဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်လုပ်ဆောင်ရန် ဟူသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ယနေ့ထုတ်ပြန်သည်။

News

ဥရောပသမဂ္ဂ(EU)ကလည်း ကမ္ဘာတစ်ဝန်းရှိ စာနယ်ဇင်း သတင်းသမားများနှင့် သတင်းမီဒီယာသမားများကို ဆက်လက် ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ကို အခိုင်အမာထပ်လောင်း အတည်ပြုပြီး မြန်မာနိုင်ငံတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို လွှတ်ပေးရန် တောင်းဆိုသည်။

News

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အနုပညာ ထုတ် ဖော်ခွင့်ကို လေးစားလိုက်နာရန်နှင့် နိုင်ငံ၏အနုပညာနှင့် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပါရန် ပြင်သစ်သံရုံးက တောင်းဆိုလိုက်သည်”ဟု ပြင်သစ်သံရုံးက ထုတ်ပြန်သည်။