Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်လုံမြို့နယ်ရှိ SSPP တပ်စခန်းတိုက်ရန် စစ်ကောင်စီက ရှေ့တန်းတပ်ရင်းများကို အမိန့်ပေးထား၍ ရက်ပိုင်းအတွင်း တိုက်ပွဲစတင်နိုင်

ဦးမဟာဂျာ ဦးဆောင်သည့် SSS ပြည်သူ့စစ်သည် ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် RCSSကဲ့သို့ပင် ဦးခွန်ဆာအဖွဲ့လက်နက်ချချိန် ခွဲထွက်ပြီး လက်နက်ကိုင်တပ်တည်ထောင်ကာ ပြည်သူ့စစ်သို့အသွင်ပြောင်းထားခြင်း ဖြစ်သည်။

(SSPP တပ်သားများအား ​တွေ့ရစဥ်)

▪️စစ်ကောင်စီဘက်က ခွန်ဆာမှခွဲထွက်လာသည့် ရှမ်းတပ်များဖြစ်သည့် RCSSနှင့် SSS ပြည်သူ့စစ်အပြင် ပအိုဝ်း PNOတပ်လည်း ဝင်တိုက်မည်ဟု သတင်းရထားကြောင်း SSPPတပ်မှူးပြော

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ် စနင်းတောင်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်စခန်း အနီး စစ်ကောင်စီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) စစ်ကြောင်းများ စစ်ရေးလှုပ်ရှားနေသည့်အပြင် SSPPကို တိုက်ခိုက်ရန် စစ်ကောင်စီတပ်က ရှေ့တန်းတပ်ရင်းများကို အမိန့်ပေးထား၍ တိုက်ပွဲများ စတင်လာနိုင်ကြောင်း SSPPတပ်မှူးတစ်ဦးက ပြော သည်။

“မနက်ဖြန်ကိုတောင် တိုက်ပွဲက စမလားမသိဘူး။ မနက် ဖြန်စနဲတောင်ကို စကစက ခမရ (၅၁၃)နဲ့ (၂၁၇)နဲ့က တက်ကို တက်ရမယ်လို့ အမိန့်ချထားတယ်လို့သိရတယ်။ သူတို့တက်လို့ရှိရင် PNOကလည်း ဝင်ပါမယ်လို့ကြားတယ်။ ပြီးတော့ အက်စ်သုံးလုံးမဟာဂျာနဲ့ RCSS ကလည်း တစ်ကြောင်း သူတို့က ပေါင်းပြီးထွက်လာတာ။ ထွက်လာတာဆိုတော့ အက်စ်သုံးလုံးမဟာဂျာတို့အုပ်စုရယ် စကစရယ် RCရယ် သဘောတူညီမှု တစ်ခုခု ယူထားတယ်ထင်တယ်။ ဘယ်လိုသဘောတူညီချက်ရှိလဲမသိဘူး။ အဲဒီကြားထဲမှာ ပအိုဝ်းပါပါလာတယ်”ဟု ၎င်းက ပြောသည်။

ဦးမဟာဂျာ ဦးဆောင်သည့် SSS ပြည်သူ့စစ်သည် ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် RCSSကဲ့သို့ပင် ဦးခွန်ဆာအဖွဲ့လက်နက်ချချိန် ခွဲထွက်ပြီး လက်နက်ကိုင်တပ်တည်ထောင်ကာ ပြည်သူ့စစ်သို့အသွင်ပြောင်းထားခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့ကတော့ လောလောဆယ် ဆနင်းတောင်မှာ SSPP ပဲလို့တွက်ထားတာကိုး။ တကယ်ဖြစ်ရင်တော့ ကျွန်တော်တို့မှာ ဝှက်ဖဲရှိတာကိုး။ ဝှက်ဖဲဆိုတာလည်း အရင်တုန်းက ထုတ်မပြောဘူးဆိုပေမယ့် ကျွန်တော်တို့ဘက်မှာလည်း ကူနေတာတွေရှိတယ်။ ကျွန်တော်တို့နဲ့အတူ ဝင်တိုက်မယ့် PDFတွေ LDF တွေ ထောင်ဂဏန်းလောက်ရှိနေပါတယ်။ PDF/LDF တွေတော့ လောလောဆယ် ၁၈၀ က လက်နက်တပ်ဆင်ပြီး အသင့်ရှိသလို ၇ရက်ကနေ ၁လအတွင်း ထောင်ဂဏန်း အဆင်သင့်ဖြစ်နိုင်တယ်။ ကျည်စပေါက်ဖို့ပဲလိုတော့တယ်”ဟု SSPP တပ်မှူးက ပြောသည်။

စစ်ကောင်စီအနေဖြင့် တပ်များရှေ့တန်း၌ ပြန့်နေကြောင်း၊ အကယ်၍တိုက်ပွဲဖြစ်ပါက နောက်ဆုတ်၍ရမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“နောက်ဆုတ်လို့မရတော့ဘူးဆိုတာ အပြီးအပြတ်ထိ တိုက်နိုင်ရင် တိုက်နိုင် မတိုက်နိုင်ရင် သူတို့က သေပြီပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ တပ်လဲစရာမရှိတော့ဘူး။ စစ်ပန်းနေကြပြီ။ ကျွန်တော်တို့မှာက နောက်ချန်အင်အားတွေအများကြီးရှိတယ်။ ကျွန်တော်တို့က ဒီအတွက်ကို ကြိုပြင်လာတာ ဦးသိန်းစိန်လက်ထက် ဒေါ်အောင်ဆန်းစုကြည်လက်ထက် နိုင်ငံရေးဆွေးနွေးကတည်းက အဆင်မချောနိုင်ဘူးဆိုတာ သိလို့ ဒီကိစ္စတွေ ကြိုပြင်လာတာ။ တပ်မ၊ တပ်မဟာ၊ တပ်ရင်း အလိုက် ကွန်မန်ဒိုတပ်ဖွဲ့တွေစုဖွဲ့ထားပြီးသားဆိုတော့ သိပ်တော့မှုစရာမရှိပါဘူး”ဟု SSPP တပ်မှူးက ပြောသည်။

မကြာသေးခင်ရက်ပိုင်းကလဲ RCSS တပ်ဖွဲ့ဝင် ၃၀၀ ကျော် SSPP သို့လာရောက်ပူးပေါင်းထားကြောင်း သိရသည်။

ပင်လုံဒေသ အခြေအနေနှင့်ပတ်သက်ပြီး RCSS တပ်ဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုထားမှု မတွေ့ရသေးပေ။

လက်တလောရရှိထားသည့် သတင်းများအရ စစ်ကောင် စီ၏ တပ်ရင်းများဖြစ်သည့် ၅၁၃၊ ၂၇၇၊ ၂၇၈ တပ်ရင်းများသည် SSPP တပ်ကို ထိုးစစ်ဆင်ရန် စုဖွဲ့ပြင်ဆင်ထားကြောင်း၊ RCSSကလည်း လွယ်တိုင်းလျန်းမှ ဆင်းလာသည့် အိုက်လိတ်ဦးဆောင် တပ်မဟာ(၆၀၆)နှင့် တပ်မဟာ(၅၀၅) လက်ကျန်တို့ပူးပေါင်းပြီး ဧပြီ ၁၉ရက်တွင် နားလောတံတားနှင့် ကျိုင်းတောင်းအနောက် ဘက်တွင်စုစည်းကာ လက်ရှိတွင် မိုင်းပွန်နှင့်လွယ်လင်ကြား ရောက်နေသည်ဟု ဆိုသည်။

ထို့ပြင် ကျိုင်းခမ်းလုံနှင့် မိုင်းပျင်း၊ ဖာလိုင်းဘက်ရှိ စံဖ၊ စံခေး၊ ချိုဖ တို့အဖွဲ့လည်း မိုင်းပွန် အနောက်ဘက်ရောက်ရှိလာကာ ၎င်းနေရာသည် SSPP/SSA တပ်နှင့်သိပ်မဝေးကြောင်း၊ RCSS တပ်မဟာ (၇၀၇)မှ အင်အား(၂၀၀ ကျော်သည်လည်း ဟိုင်းဆိုင်၊ ကန်းအွန်၊ နမ့်မိုဘက်ရှိ မဟာဂျာ SSSတပ်ဖွဲ့တို့နှင့် ပူးပေါင်းနေရာယူထားသည်ဟု SSPP တပ်မှူးက ပြောသည်။

လွယ်တိုင်းလျန်းမှလည်း RCSS၏ စစ်ကြောင်းသုံးကြောင်းဆင်းလာပြီး အဆိုပါ စစ်ကြောင်းများသည် တတ်မောက်၊ မိုင်းခွန်၊ ဟိုခဲဘက်ဝင်မည်ဟု သတင်းရရှိကြောင်း၊ RCSSစုဖွဲ့သုံးသပ်ချက်အရ လွယ်တိုင်းလျန်းမှ ဆင်းလာသည့်စစ်ကြောင်း သုံးကြောင်း၊ မိုင်းပွန်ဂွင် တွင် သုံးကြောင်း၊ (စံဖ၊ စံခေး၊ ချိုဖ)တို့မှစစ်ကြောင်း သုံးကြောင်း၊ SSSမဟာကြာတို့နှင့်ပူးပေါင်း ထားသည့်တပ်မဟာ(၇၀၇) နှစ်ကြောင်း ဖြန့်ကျက်လှုပ်ရှားနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။