Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ် မြစ်သာမြစ်အ​ရှေ့ဘက်ကမ်းတွင်တိုက်ပွဲပြင်းထန်စစ်​ကောင်စီတပ် ၁၀ဦး​ကျော်​သေ၊PDF ၁ဦးကျဆုံး

အကြမ်းဖက်စစ်အုပ်စုသည် ရေရှင်ရွာတောင်ဘက်မှသာမက ကြံသာရွာဘက်မှတဆင့် မြစ်သာမြစ်အနားထိ တိုးလာပြီး ဟံသာဝတီရွာဘက်မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(CDF-KKG တပ်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-CDF)

ကလေးမြို့တောင်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ဧပြီ ၂၂ ရက်က တနေ့ကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက် ၁၀ ဦး​ကျော်သေဆုံးကြောင်း ကလေး-ကဘော်- ဂန့်ဂေါ အခြေစိုက်-ချင်းပြည်ကာကွယ်ရေးတပ်- CDF( KKG)က ယနေ့ သတင်းထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်း ကျောက်ပြုတ်ရွာနှင့် အင်ကျွန်းရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့်ပျူစောထီးတပ်များသည် ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် အင်အားရာဂဏန်းဖြင့် ရေရှင်ရွာဘက်ကို စစ်ကြောင်းထိုးလာ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် အပြန်အလှန်ပစ်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရေရှင်ရွာနှင့် အင်ကျွန်းရွာကြား၌ CDF KKG ၊PDF Kalay၊RKDF နှင့် ပကဖ ပူးပေါင်းအဖွဲ့များနှင့် အကြမ်းဖက်စစ်အုပ်စုကြားတိုက်ပွဲပြင်းထန်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုသည် ရေရှင်ရွာတောင်ဘက်မှသာမက ကြံသာရွာဘက်မှတဆင့် မြစ်သာမြစ်အနားထိ တိုးလာပြီး ဟံသာဝတီရွာဘက်မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မနက် ၁၀ နာရီ​ကျော်မှ ည​နေ ၆ နာရီအထိ့တနေကုန်နီးပါးကြာမြင့်ခဲ့သည့် တိုက်ပွဲတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ PDF က​လေူ တပ်ရင်း (၇) မှရဲဘော်တစ်ဦးကျဆုံးခဲ့ကာ ကျန်ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း CDF KKG က အသိပေးသည်။

ညနေ ၆ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက အင်ကျွန်းရွာဘက်သို့ ပြန်လည်ဆုတ် ခွာ သွားပြီး ရေရှင်ရွာမှ ပြည်သူ့နေအိမ် ခုနှစ်လုံး မှာ စစ်ကောင်စီ၏ လက်နက်ကြီး ကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ထားလို့ တိုက်ပွဲ အခြေအနေတွေ ထပ်မသိရသေးဘူး၊ စစ်ရေးက တင်းမာနေဆဲလို့ကြားရတယ်။ အင်ကျွန်းရွာဘက်မှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်နေတယ်”ဟု ကလေးမြို့ ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထိုတိုက်ပွဲကို CDF(KKG)၊ PDF(ကလေး)၊ ရိန်းဂျားကလေးပြည်သူကာကွယ်ရေးတပ် -RKDF နှင့် ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိုးစစ်ဆင်နေခြင်းကြောင့် ရေရှင်ရွာမှ ​ဒေသခံပြည်သူများသည် စစ်ဘေးရှောင်နေရသည်ဟု CDF(KKG)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။