Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကငါးရက်အတွင်း ​ရေဦးနှင့်ဒီပဲယင်းအစပ်ရွာများမှ ​နေအိမ် ၇၀ ​ကျော်ကိုမီးရှို့ဖျက်ဆီး၊ ပြည်သူ​လေးဦးထက်မနည်းကိုသတ်ဖြတ်

စစ်ရှောင်ထွက်လာသည့် ပြည်သူနှစ်ဦးကို ဖမ်းဆီးပြီးနောက် ယနေ့နံနက်လေးနာရီခန့်က မူးဆုံအနီး၌ အဖမ်းခံရသည့် ပြည်သူနှစ်ဦးအနက် တစ်ဦးကို ပစ်သတ်ကာ မူးထဲသို့မျှောလိုက်ကြောင်း ဒေသခံများက ပြောသည်။

(ရေဦးနှင့် ဒီပဲယင်းနယ်အစပ်ရှိ ညောင်လှရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးမြင်ကွင်းနှင့် မီး​လောင်ပျက်စီးသွား​သောအိမ်ကိုရှင်းလင်း​နေ​သောပြည်သူအချို့ ။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်အစပ် ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး ၅ ရက်အတွင်း ကျေးရွာ ၄ ရွာမှ အိမ်ခြေပေါင်း ၇၀ ကျော် မီးလောင်ဆုံးရှူံးကာ ပြ​ည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် နှင့် ရေဦးမြို့နယ်အစပ်ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ၂၀၂၂ သည်ငြိမ်းချမ်း​ရေးနှစ်ဟု​ထပ်ပြောပြီး​နောက်တစ်​နေ့ဖြစ်​သော ဧပြီလ ၂၃ ရက် နံနက် ၆နာရီခွဲ ခန့်က ရေဦးမြို့နယ်၊ မုတ်စီကျေးရွာအတွင်း ဆန်၊စပါးများခိုးယူအပြီး ကျေးရွာအတွင်း အိမ်ခြေ (၁၀) လုံးခန့် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ရေဦးနှင့် ဒီပဲယင်းနယ်အစပ်ရှိ ညောင်လှရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးမြင်ကွင်းနှင့် မီး​လောင်ပျက်စီးသွား​သောအိမ်ကိုရှင်းလင်း​နေ​သောပြည်သူအချို့ ။ ဓါတ်ပုံ-CJ)

စစ်ရှောင်ထွက်လာသည့် ပြည်သူနှစ်ဦးကို ဖမ်းဆီးပြီးနောက် ယနေ့နံနက်လေးနာရီခန့်က မူးဆုံအနီး၌ အဖမ်းခံရသည့် ပြည်သူနှစ်ဦးအနက် တစ်ဦးကို ပစ်သတ်ကာ မူးထဲသို့မျှောလိုက်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“ပစ်သတ်ခံရသူက မုတ်စီရွာကလို့ သိရတယ်။ အလောင်းတော့မတွေရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(ရေဦးနှင့် ဒီပဲယင်းနယ်အစပ်ရှိ ညောင်လှရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးမြင်ကွင်းနှင့် မီး​လောင်ပျက်စီးသွား​သောအိမ်ကိုရှင်းလင်း​နေ​သောပြည်သူအချို့ ။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဧပြီလ ၂၁ ရက်နေ့က ရေဦးမြို့နယ် ဇိန့်ဇွန်းအုပ်စု ဆည်ကြီးရွာမှ ပြည်သူများ၏နေအိမ်(၈)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း လည်းဒေသခံများက ပြောသည်။

ညောင်လှကျေးရွာနှင့် မူးဆုံမှ ဒေသခံများ၏ အိမ်များ စျေးဆိုင်များကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ကြောင်း၊ မုတ်စီကျေးရွာမှ တဆင့် အောင်သာ ကျေးရွာဘက်သို့ ဦးတည်ထွက်သွားကြောင်း၊ ရေဦးမြို့နှင့် ဒီပဲယင်းမြို့ထဲမှ စစ်ကောင်စီတပ်များပေါင်းကာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးပြီး အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်မှာ (၅)ရက်ဆက်တိုက်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ရေဦးနှင့် ဒီပဲယင်းနယ်အစပ်ရှိ ညောင်လှရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးမြင်ကွင်းနှင့် မီး​လောင်ပျက်စီးသွား​သောအိမ်ကိုရှင်းလင်း​နေ​သောပြည်သူအချို့ ။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်ကောင်စီတပ်များ သောင်းကျန်းနေ၍ ရေဦး-ဒီပဲယင်း ကားလမ်းမအား ဖြစ်နိုင်လျှင် အသုံးမပြုကြရန် ဒီပဲယင်းနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေဦးမြို့နယ် မုတ်စီကျေးရွာအနီးရှိသော ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာနှင့် မဲအိုးရွာများကိုလည်း ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များက ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၅၅လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရပြီး ​ဒေသခံ ၃ ဦးကိုသတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။