Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်ကငါးရက်အတွင်း ​ရေဦးနှင့်ဒီပဲယင်းအစပ်ရွာများမှ ​နေအိမ် ၇၀ ​ကျော်ကိုမီးရှို့ဖျက်ဆီး၊ ပြည်သူ​လေးဦးထက်မနည်းကိုသတ်ဖြတ်

စစ်ရှောင်ထွက်လာသည့် ပြည်သူနှစ်ဦးကို ဖမ်းဆီးပြီးနောက် ယနေ့နံနက်လေးနာရီခန့်က မူးဆုံအနီး၌ အဖမ်းခံရသည့် ပြည်သူနှစ်ဦးအနက် တစ်ဦးကို ပစ်သတ်ကာ မူးထဲသို့မျှောလိုက်ကြောင်း ဒေသခံများက ပြောသည်။

(ရေဦးနှင့် ဒီပဲယင်းနယ်အစပ်ရှိ ညောင်လှရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးမြင်ကွင်းနှင့် မီး​လောင်ပျက်စီးသွား​သောအိမ်ကိုရှင်းလင်း​နေ​သောပြည်သူအချို့ ။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်အစပ် ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး ၅ ရက်အတွင်း ကျေးရွာ ၄ ရွာမှ အိမ်ခြေပေါင်း ၇၀ ကျော် မီးလောင်ဆုံးရှူံးကာ ပြ​ည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် နှင့် ရေဦးမြို့နယ်အစပ်ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ၂၀၂၂ သည်ငြိမ်းချမ်း​ရေးနှစ်ဟု​ထပ်ပြောပြီး​နောက်တစ်​နေ့ဖြစ်​သော ဧပြီလ ၂၃ ရက် နံနက် ၆နာရီခွဲ ခန့်က ရေဦးမြို့နယ်၊ မုတ်စီကျေးရွာအတွင်း ဆန်၊စပါးများခိုးယူအပြီး ကျေးရွာအတွင်း အိမ်ခြေ (၁၀) လုံးခန့် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ရေဦးနှင့် ဒီပဲယင်းနယ်အစပ်ရှိ ညောင်လှရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးမြင်ကွင်းနှင့် မီး​လောင်ပျက်စီးသွား​သောအိမ်ကိုရှင်းလင်း​နေ​သောပြည်သူအချို့ ။ ဓါတ်ပုံ-CJ)

စစ်ရှောင်ထွက်လာသည့် ပြည်သူနှစ်ဦးကို ဖမ်းဆီးပြီးနောက် ယနေ့နံနက်လေးနာရီခန့်က မူးဆုံအနီး၌ အဖမ်းခံရသည့် ပြည်သူနှစ်ဦးအနက် တစ်ဦးကို ပစ်သတ်ကာ မူးထဲသို့မျှောလိုက်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“ပစ်သတ်ခံရသူက မုတ်စီရွာကလို့ သိရတယ်။ အလောင်းတော့မတွေရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(ရေဦးနှင့် ဒီပဲယင်းနယ်အစပ်ရှိ ညောင်လှရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးမြင်ကွင်းနှင့် မီး​လောင်ပျက်စီးသွား​သောအိမ်ကိုရှင်းလင်း​နေ​သောပြည်သူအချို့ ။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဧပြီလ ၂၁ ရက်နေ့က ရေဦးမြို့နယ် ဇိန့်ဇွန်းအုပ်စု ဆည်ကြီးရွာမှ ပြည်သူများ၏နေအိမ်(၈)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း လည်းဒေသခံများက ပြောသည်။

ညောင်လှကျေးရွာနှင့် မူးဆုံမှ ဒေသခံများ၏ အိမ်များ စျေးဆိုင်များကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ကြောင်း၊ မုတ်စီကျေးရွာမှ တဆင့် အောင်သာ ကျေးရွာဘက်သို့ ဦးတည်ထွက်သွားကြောင်း၊ ရေဦးမြို့နှင့် ဒီပဲယင်းမြို့ထဲမှ စစ်ကောင်စီတပ်များပေါင်းကာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးပြီး အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်မှာ (၅)ရက်ဆက်တိုက်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ရေဦးနှင့် ဒီပဲယင်းနယ်အစပ်ရှိ ညောင်လှရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးမြင်ကွင်းနှင့် မီး​လောင်ပျက်စီးသွား​သောအိမ်ကိုရှင်းလင်း​နေ​သောပြည်သူအချို့ ။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်ကောင်စီတပ်များ သောင်းကျန်းနေ၍ ရေဦး-ဒီပဲယင်း ကားလမ်းမအား ဖြစ်နိုင်လျှင် အသုံးမပြုကြရန် ဒီပဲယင်းနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေဦးမြို့နယ် မုတ်စီကျေးရွာအနီးရှိသော ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာနှင့် မဲအိုးရွာများကိုလည်း ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များက ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၅၅လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရပြီး ​ဒေသခံ ၃ ဦးကိုသတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။