Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ် မြစ်သာမြစ်အ​ရှေ့ဘက်ကမ်းတွင်တိုက်ပွဲစစ်​ကောင်စီတပ်နှင့်ပျူ ၂၀ခန့်သေဟု က​လေး PDF ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုသည် ရေရှင်ရွာတောင်ဘက်မှသာမက ကြံသာရွာဘက်မှတဆင့် မြစ်သာမြစ်အနားထိ တိုးလာပြီး ဟံသာဝတီရွာဘက်မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - PDF က​လေး

ကျည်ဆံများနှင့်ဗုံးအချို့ သိမ်းဆည်းရမိ

ကလေးမြို့တောင်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ဧပြီ ၂၂ ရက်က တနေ့ကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူ​စောထီး ၂၀ခန့်ကျော်သေဆုံးကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်- (PDF-က​လေး)က ယနေ့ည​နေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်း ကျောက်ပြုတ်ရွာနှင့် အင်ကျွန်းရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့်ပျူစောထီးတပ်များသည် ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင်စစ်​ကြောင်း သုံး​ကြောင်း အင်အား၂၅၀ ခန့်ဖြင့် ရေရှင်ရွာဘက်ကို ထိုးစစ်ဆင်လာ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် ည​နေ ၇ နာရီအထိ့ တစ်​နေကုန်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု​ဖော်ပြထားသည်။

ဓာတ်ပုံ – PDF က​လေး

ရေရှင်ရွာနှင့် အင်ကျွန်းရွာကြားတွင်PDF Kalay၊ CDF-KKGRKDF နှင့် ပကဖ ပူးပေါင်းအဖွဲ့များကအကြမ်းဖက်စစ်​ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုသည် ရေရှင်ရွာတောင်ဘက်မှသာမက ကြံသာရွာဘက်မှတဆင့် မြစ်သာမြစ်အနားထိ တိုးလာပြီး ဟံသာဝတီရွာဘက်မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နံနက် ၁၀ နာရီ​ကျော်မှ ည​နေ ၇ နာရီခန့်အထိ့တနေကုန်နီးပါးကြာမြင့်ခဲ့သည့် တိုက်ပွဲတွင်း စစ်ကောင်စီဘက်မှ အရာရှိအဆင့် ၃ဦးအပါအဝင် စစ်သားနှင့် ပျူ​စောထီး ၂၀ ခန့်​သေဆုံးခဲ့​​ကြောင်း က​လေးPDFကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် CDF-KKG ကယ​နေ့မနက်ပိုင်းထုတ်ပြန်ရာတွင်စစ်​ကောင်စီတပ်က၁၀ ဦးထက်မနည်းသေဆုံးကာ PDF က​လေူ တပ်ရင်း (၇) မှရဲဘော်တစ်ဦးကျဆုံးခဲ့ကာ ကျန်ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ​ဖော်ပြအသိပေးခဲ့သည်။

က​လေး PDF ကယ​နေ့ည​နေ သတင်းအပြည့်အစုံထုတ်ပြန်ရာတွင် စစ်​ကောင်စီတပ်မှ ၂၀ ဦး​သေဆုံးပြီး က​လေးPDF ရဲ​ဘော်တစ်ဦးကျဆုံးခဲ့ကာ စစ်​ကောင်စီတပ်မှခဲယမ်းနှင့်စစ်သုံးပစ္စည်းများသိမ်းဆည်းရမိ​ကြောင်းပုံနှင့်တစ်ကွ​ဖော်ပြထားသည်။ PDF(ကလေး)က နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီအလောင်းအချို့နှင့် ၅ဒသမ ၅၆ ကျည် ၂၂၄ တောင့်၊ အူဇီကျည် ၆၁ တောင့်၊ အူဇီကျည်အိမ် ၂ ခု၊ အီနာဂါ ဗုံးသီး ၃ လုံး၊ ဖုန်း တစ်လုံးနှင့် စကားပြောစက် တစ်လုံးတို့ကို သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်သည်။

ယမန်​နေ့ညနေ ၆ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက အင်ကျွန်းရွာဘက်သို့ ပြန်လည်ဆုတ် ခွာ သွားပြီး ရေရှင်ရွာမှ ပြည်သူ့နေအိမ် ခုနှစ်လုံး မှာ စစ်ကောင်စီ၏ လက်နက်ကြီး ကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ထားလို့ တိုက်ပွဲ အခြေအနေတွေ ထပ်မသိရသေးဘူး၊ စစ်ရေးက တင်းမာနေဆဲလို့ကြားရတယ်။ အင်ကျွန်းရွာဘက်မှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်နေတယ်”ဟု ကလေးမြို့ ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဓာတ်ပုံ – PDF က​လေး

ထိုတိုက်ပွဲကို CDF(KKG)၊ PDF(ကလေး)၊ ရိန်းဂျားကလေးပြည်သူကာကွယ်ရေးတပ် -RKDF နှင့် ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိုးစစ်ဆင်နေခြင်းကြောင့် ရေရှင်ရွာမှ ​ဒေသခံပြည်သူများသည် စစ်ဘေးရှောင်နေရသည်ဟု CDF(KKG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။