Connect with us

Hi, what are you looking for?

News

မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းမှာ ပြင်းထန်တဲ့​ ပေါက်ကွဲမှုဖြစ်

​ပေါက်ကွဲမှုဖြစ်ပြီးတဲ့​နောက်မှာ မြဝတီမြို့က အခြားနေရာအချို့မှာလည်း ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတချို့ အသံ​တွေကြားရတယ်လို့လည်း​ ဒေသခံအချို့က​ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ဘက်ခြမ်းမှာရှိတဲ့ မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားမှာ ယ​နေ့ည ၁၀ နာရီခွဲအချိန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့​ဒေသခံ​တွေက​ ပြောပါတယ် ။

ကျယ်​လောင်​သော​ပေါက်ကွဲသံ​ကို မြဝတီတစ်မြို့လုံး​ရော၊ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ မဲ​ဆောက်မြို့​ရော ကြားလိုက်ရတယ်လို့လည်း​ဒေသခံအချို့က​ပြောပါတယ်။​ပေါက်ကွဲမှု​ကြောင့် ပြင်းပြင်းထန်ထန်ထိ့ခိုက်ပျက်စီး​နေတဲ့ကားအစိပ်အပိုင်းအချို့ ကို မီးငြှိမ်းသတ်​နေတဲ့ဓါတ်ပုံနဲ့ပျက်စီး​နေတဲ့အဆောက်အအုံအချို့ ရဲ့သတင်းဓါတ်ပုံ​တွေ ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ​​​ပေါ်မှာ တက်လာတာ​တွေ့ရပါတယ်။​ပေါက်ကွဲမှု​ကြောင့် လူ​သေဆုံးမှု​တွေရှိနိုင်တယ်လို့လည်း သိရပါတယ်။

​ပေါက်ကွဲမှုဖြစ်ပြီးတဲ့​နောက်မှာ မြဝတီမြို့က အခြားနေရာအချို့မှာလည်း ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတချို့ အသံ​တွေကြားရတယ်လို့လည်း​ ဒေသခံအချို့က​ ပြောပါတယ်။

“မအလက ထိုင်းနဲ့ရန်တိုက်ပေးတဲ့ ငညွန့်အကွက်တွေထုတ်သုံးနေပြီ ဒီလောက်ပြင်းတဲ့မိုင်း PDF တွေလက်ထဲရှိရင် မြဝတီစခန်းပြာဖြစ်တာကြာပေါ့။ခုက ချစ်ကြည်ရးတံတားကို မိုင်းခွဲတာဆိုတော့စဥ်းစားသာကြည့်တော့ ထိုင်းနယ်စပ်ရောက်နေတဲ့ PDF တွေက ထိုင်းနဲ့တဲ့အောင် နေမလား ထိုင်းနဲ့ရန်ဖြစ်အောင်နေမလား အဖြေကရှင်းရှင်းလေးပဲ။ ထိုင်းနယ်စပ်မှာအစစ်အဆေးကြမ်းလာအောင်နဲ့ ထိုင်းစစ်တပ်ကို တွေ့လားPDF တွေက အကြမ်းဖက်သမားတွေ လက်မခံနဲ့မောင်းထုတ်ဆိုပြီး သွယ်ဝိုက်ကြပ်ပေးလိုက်တဲ့ ငညွန့် အကွက်တွေပေါ့” ဟုထိုင်း​​ရောက်မြန်မာလုပ်သားအ​ရေးတက်ကြွစွာ​ဆောင်ရွက်​ပေး​နေသလို ၊ ​​နွေဦး​တော်လှန်​ရေးမှာ ရန်ပုံ​ငွေရှာ​ဖွေ​ရေးအတွက် တက်ကြွစွာကူညီလုပ်ကိုင်​ပေး​နေတဲ့ ကိုရဲမင်း(AAC)ကလည်း သူ့အမြင်ကို၎င်းရဲ့​ဖေ့စ်ဘွတ်ခ်မှာသုံးသပ်​ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။