Connect with us

Hi, what are you looking for?

News

ကောလင်း-ဝန်းသိုကားလမ်းတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး ၂၃ဦးသေ၊အများအပြားဒဏ်ရာရ

ဒေသခံအရပ်သားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အခြားဒေသမှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တပြိုင်နက်တိုက်ပွဲဖော်ပေးကြရန် မြို့ခံတစ်ဦးက အကူအညီတောင်းသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)

▪️လမ်းဘေးရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး​နေ

စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုကားလမ်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ၂၃ဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီးနောက် လမ်းဘေးကျေးရွာအချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေသည်။

စစ်ကောင်စီတပ်သား အင်းအား ၅၀ခန့်ပါသည့် စစ် ကြောင်းသည် ကောလင်းမြို့မှ ဝန်းသိုမြို့ဘက်သို့ ဧပြီ ၂၃ရက်က ခြေလျင်စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်က ၂၃ဦး သေဆုံးကာ ၁၄ဦးဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့၏ သတင်းထုတ်ပြန်ရေး စာမျက်နှာ Kawlin Revolution-KRက People’s Spring အား အတည်ပြုချက်​ပေးသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ (ဧပြီ၂၄)နံနက်ကစတင်ကာ ကောလင်း-ဝန်းသိုကားလမ်းဘေးရှိကျေးရွာအချို့ကိုမီးရှို့ဖျက်ဆီးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“၀န်းသိုမြို့နယ် ရှမ်းစု၊သိမ်လည်၊အုပ်ရှက်ကုန်းကျေးရွာ၊ ရွာလေးရွာ ခန့် မီးရှို့ခံနေရ။ ယခုမီးခိုးများ လှိုင်လှိုင်ထွက်နေ။သိမ်လည်ရွာမှ အမျိုးသမီးကြီးတစ်ဦး မီးထဲပါသွားကြောင်းသိရှိရ”ဟု Kawlin Revolution-KRက ထုတ်ပြန်ထားသည်။

ဒေသခံအရပ်သားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အခြားဒေသမှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တပြိုင်နက်တိုက်ပွဲဖော်ပေးကြရန် မြို့ခံတစ်ဦးက အကူအညီတောင်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook