Connect with us

Hi, what are you looking for?

News

ကောလင်း-ဝန်းသိုကားလမ်းတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး ၂၃ဦးသေ၊အများအပြားဒဏ်ရာရ

ဒေသခံအရပ်သားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အခြားဒေသမှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တပြိုင်နက်တိုက်ပွဲဖော်ပေးကြရန် မြို့ခံတစ်ဦးက အကူအညီတောင်းသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)

▪️လမ်းဘေးရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး​နေ

စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုကားလမ်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ၂၃ဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီးနောက် လမ်းဘေးကျေးရွာအချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေသည်။

စစ်ကောင်စီတပ်သား အင်းအား ၅၀ခန့်ပါသည့် စစ် ကြောင်းသည် ကောလင်းမြို့မှ ဝန်းသိုမြို့ဘက်သို့ ဧပြီ ၂၃ရက်က ခြေလျင်စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်က ၂၃ဦး သေဆုံးကာ ၁၄ဦးဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့၏ သတင်းထုတ်ပြန်ရေး စာမျက်နှာ Kawlin Revolution-KRက People’s Spring အား အတည်ပြုချက်​ပေးသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ (ဧပြီ၂၄)နံနက်ကစတင်ကာ ကောလင်း-ဝန်းသိုကားလမ်းဘေးရှိကျေးရွာအချို့ကိုမီးရှို့ဖျက်ဆီးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“၀န်းသိုမြို့နယ် ရှမ်းစု၊သိမ်လည်၊အုပ်ရှက်ကုန်းကျေးရွာ၊ ရွာလေးရွာ ခန့် မီးရှို့ခံနေရ။ ယခုမီးခိုးများ လှိုင်လှိုင်ထွက်နေ။သိမ်လည်ရွာမှ အမျိုးသမီးကြီးတစ်ဦး မီးထဲပါသွားကြောင်းသိရှိရ”ဟု Kawlin Revolution-KRက ထုတ်ပြန်ထားသည်။

ဒေသခံအရပ်သားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အခြားဒေသမှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တပြိုင်နက်တိုက်ပွဲဖော်ပေးကြရန် မြို့ခံတစ်ဦးက အကူအညီတောင်းသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကို သွားတဲ့ စစ်တပ်ရဲ့ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းဟာ ပိတ်မိနေပြီး ပိန်းအင်းရွာထဲမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူ အလောင်းတွေနဲ့ စစ်သားရုပ်အလောင်း အများအပြား တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။