Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီရဲစခန်းအား စီးနင်းတိုက်ခိုက်၊ ၎င်းလမ်းပိုင်းအား အသုံးမပြုကြရန် သတိပေး

KNU တပ်မဟာ (၄)၏ထိန်းချုပ်နယ်မြေဖြစ်သော ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

(ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်(ပုံဟောင်းကို အသုံးပြုထားပါသည်။)

ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီရဲစခန်းကို PDF ပူးပေါင်းတပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း တနသ်ာရီ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဧပြီ ၂၄)နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပကာရီရဲစခန်းစီးနင်းခံရပြီးနောက် ထားဝယ်-ထီးခီးလမ်းပိုင်းသို့ စစ်ကောင်စီတပ်မှ အင်အားအ များအပြားရောက်လာနေပြီး အချိန်မရွေးနှစ်ဖက်တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း အသိပေးထား သည်။

ထို့ကြောင့် ယင်းလမ်းပိုင်းအား အသုံးပြုမှုခေတ္တရပ်ဆိုင်းထားရန် မြေပြင် PDF ပူးပေါင်းတပ်များက သတိပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ထားဝယ်-ထီးခီးလမ်းပိုင်းသည် ထိုင်း-မြန်မာနယ်စပ်လမ်းပိုင်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် မတ်လကတည်းက စစ်ကောင်စီတပ်မှ ကင်းပုန်းအများအပြားချထားခဲ့သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ (၄)၏ထိန်းချုပ်နယ်မြေဖြစ်သော ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။