Connect with us

Hi, what are you looking for?

News

ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီရဲစခန်းအား စီးနင်းတိုက်ခိုက်၊ ၎င်းလမ်းပိုင်းအား အသုံးမပြုကြရန် သတိပေး

KNU တပ်မဟာ (၄)၏ထိန်းချုပ်နယ်မြေဖြစ်သော ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

(ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်(ပုံဟောင်းကို အသုံးပြုထားပါသည်။)

ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီရဲစခန်းကို PDF ပူးပေါင်းတပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း တနသ်ာရီ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဧပြီ ၂၄)နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပကာရီရဲစခန်းစီးနင်းခံရပြီးနောက် ထားဝယ်-ထီးခီးလမ်းပိုင်းသို့ စစ်ကောင်စီတပ်မှ အင်အားအ များအပြားရောက်လာနေပြီး အချိန်မရွေးနှစ်ဖက်တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း အသိပေးထား သည်။

ထို့ကြောင့် ယင်းလမ်းပိုင်းအား အသုံးပြုမှုခေတ္တရပ်ဆိုင်းထားရန် မြေပြင် PDF ပူးပေါင်းတပ်များက သတိပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ထားဝယ်-ထီးခီးလမ်းပိုင်းသည် ထိုင်း-မြန်မာနယ်စပ်လမ်းပိုင်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် မတ်လကတည်းက စစ်ကောင်စီတပ်မှ ကင်းပုန်းအများအပြားချထားခဲ့သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ (၄)၏ထိန်းချုပ်နယ်မြေဖြစ်သော ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။