Connect with us

Hi, what are you looking for?

News

တပ်မဟာ ၆ ထဲမှာ တစ်ရက်တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်

ကွီးလယ်တဲကျေးရွာဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချခဲ့တဲ့ ကျေးရွာဖြစ်ပြီး ကွီးလယ်တဲအနီးတစ်၀ိုက်က ကျေးရွာနေ ပြည်သူလူထုတွေဟာ လတ်တလောမှာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ နို့တကောမြို့နယ်ထဲမှာ တစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက် ၉ နာရီ ၂၀ အချိန်က နို့တကောမြို့နယ် ကွီးလယ်တဲကျေးရွာမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ် ခမရ(၃၆၁)တပ်ရင်းတို့အကြား မိနစ်အနည်းငယ်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ကင်းလှည့်တာတွေပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကွီးလယ်တဲကျေးရွာဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချခဲ့တဲ့ ကျေးရွာဖြစ်ပြီး ကွီးလယ်တဲအနီးတစ်၀ိုက်က ကျေးရွာနေ ပြည်သူလူထုတွေဟာ လတ်တလောမှာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းက ကာလိခီးတောင်မှာ စစ်ကောင်စီတပ် ခမရ(၄၃၂) တပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်အချိန်ခန့်ကလည်း နို့တကောမြို့နယ် (၁၇) မိုင်ဒေသမှာ ခမရ(၄၃၂)နဲ့ KNLA တပ်တို့အကြား ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

(၁၇)မိုင်ဒေသက ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာမှာလည်း စစ်ကောင်စီနဲ့ KNLA တပ်တို့အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က မနေ့ညပိုင်းနဲ့ ဒီကနေ့ညနေပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေသလို စစ်ရေးပဋိပက္ခကြောင့် တံခွန်တိုင်ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook