Connect with us

Hi, what are you looking for?

News

ထီးလင်းနယ် အကြည်ဝါးဘင်းရွာတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြားသဖြင့် တပ်ပြန်ဆုတ်ပြေး

ထီးလင်းမြို့နှင့် ၁၆ မိုင်အကွာ အကြည်ဝါးဘင်းရွာတိုက်ပွဲ၌ YDF မှထိခိုက်ဒဏ်ရာရသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

မကွေးတိုင်း ၊ထီးလင်းမြို့နယ် အကြည်ဝါးဘင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားသဖြင့် တပ်ပြန်ဆုတ်ပြေးခဲ့ကြောင်း YDF (ထီးလင်း)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၅ ရက်) နံနက် ၇နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၁၁)မှ အင် အား ၉၀ခန့်ပါစစ်ကြောင်းသည် အကြည်ဝါးဘင်းရွာမှ ထွက်ခွာလာပြီးနောက် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု ဆိုသည်။

“စောင့်တိုက်ရင်း အပြန်အလှန်ပစ်ခတ်တာပါ။တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ်။သူတို့ဘက်က ငါးယောက်လောက်ကို ထမ်းပိုးပြီးတော့ အကြည်ဝါးဘင်းရွာထဲကို ပြန်ဆုတ်သွားခဲ့ရတယ်”ဟု YDF (ထီးလင်း)တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးအရှင်ဖမ်းမိခဲ့သော် လည်း ထွက်ပြေးသဖြင့် ရှင်းလင်းခဲ့ကြောင်း ထီးလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက သီးခြားအတည်ပြုသည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့နှင့် ၁၆ မိုင်အကွာ အကြည်ဝါးဘင်းရွာတိုက်ပွဲ၌ YDF မှထိခိုက်ဒဏ်ရာရသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက ထီးလင်းဒေသတွင်း စစ်ကြောင်းနှစ်ခုဖြင့် အနောက် တောင်ကြောတစ်လျှောက် နှင့်အရှေ့တောင်ဘက် တစ်ကြောဖြန့်ကျက်စစစ်ထိုးနေသည်ဟု YDF (ထီးလင်း)က အသိပေးသည်။

ဧပြီ ၁၇ ရက်က ထီးလင်းမြို့နယ် ကျင်းကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှူးသေဆုံးကာ လက်နက်ခဲယမ်းအများအ ပြားသိမ်းဆည်း နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook