Connect with us

Hi, what are you looking for?

News

ထားဝယ်မြို့နယ် ပကာရီရွာတွင် တိုက်ပွဲဖြစ်​နေ

ပကာရီရွာကို စစ်ကြောင်းထိုးရန် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၆၀ ခန့်ဖြင့် ပကာရီရွာအနီးရှိ သဗျာရွာအနားရှိ ရော်ဘာစက်ရုံကို ခြေကုတ်ယူထားသည်ဟု ဒေသခံများထံမှသိရသည်။

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့ည ၁၀နာရီခန့်က တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက​ပြောသည်။

ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီရွာ၊ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းယူဖျက်ဆီးခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က ထိုးစစ်ပြန်ဆင်လာနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

“ည ၁၀နာရီလောက်ကတည်းက ရွာထဲကို လက်နက်ကြီးနဲ့ပစ်နေတာ ၈ချက်လောက်ရှိတယ်။ ၁၁ နာရီလောက်ကလည်းပစ်နေသေးတယ်”ဟု ပကာရီရွာသားတစ်ဦးကပြောသည်။

ည ၁၀ နာရီမှ ၁၁ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း အခြားဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ပကာရီဘက်မှာ အုန်းဒိုင်းကျဲ ချနေကြပြီ လက်နက်ကြီးတွေ အသံက အဝေးကြီးက ကြားနေရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဧပြီ ၂၄ ရက်က တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်မြို့နှင့် ဆယ်မိုင်သာ ကွာဝေးသည် ပကာရီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေကိုထိန်းချုပ်ထားသည်။ ပကာရီရွာကို KNDO၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းကာ စီးနင်းခဲ့ခြင်း ဖြစ်သည်။

ပကာရီရွာကို စစ်ကြောင်းထိုးရန် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၆၀ ခန့်ဖြင့် ပကာရီရွာအနီးရှိ သဗျာရွာအနားရှိ ရော်ဘာစက်ရုံကို ခြေကုတ်ယူထားသည်ဟု ဒေသခံများထံမှသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပကာရီရွာဘက်ကို ပစ်ခတ်ရန် စီစဉ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့်ပြန်လည် ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မူကို အကြမ်းဖက်စစ်ကောင်စီတပ်ဘက် ပြန်လည်မခုခံနိုင်ခဲ့ကြောင်းနှင့် အရေးပေါ်ကားများ အမြောက်အများရောက်သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိနှင့် စစ်သားများ ထိခိုက်မူများရှိသည်ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook