Connect with us

Hi, what are you looking for?

News

စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင်ကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီး

Denko စက်သုံးဆီလုပ်ငန်း၊ MAB(မြန်မာ့​ရှေ့​ဆောင်ဘဏ်) ဘဏ်လုပ်ငန်းများသည် ဦးချစ်ခိုင်၏ လူသိများသည့် လုပ်ငန်းများဖြစ်သည်။

▪️ဒုတိယ​မြောက် စီးပွား​ရေးလုပ်ငန်းရှင်တစ်ဦးဖမ်းဆီးခံရခြင်းဖြစ်

ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို အကြမ်းဖက်စစ်ကောင်စီက ယမန့်နေ့ညတွင် ဖမ်းဆီးသွားကြောင်း ၎င်းမိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီက လုပ်ငန်းရှင် ဦးခင်ရွှေကို ဖမ်းဆီးပြီးနောက် ဒုတိယမြောက်လုပ်ငန်းရှင် ဦးချစ်ခိုင်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဦးချစ်ခိုင်သည် ဧဒင်ကုမ္ပဏီအုပ်စု၏ ဥက္ကဌဖြစ်ပြီး ဆောက်လုပ်ရေး၊ ဆေးရုံ၊ အစားအသောက်နှင့် အဖျော် ယမကာ ၊ ဘဏ္ဍာရေးလုပ်ငန်း၊ စက်သုံးဆီနှင့် ဓာတ်ငွေ့လုပ်ငန်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းများကိုဆောင်ရွက်နေသည့် လုပ်ငန်းစုတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက ဦးချစ်ခိုင်မိသားစုကို ဖမ်းဆီးရန် အချိန်ယူစောင့်ကြည့်နေခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ စစ်ကောင်စီက မည်သည့်ကိစ္စဖြင့်ဖမ်းဆီးသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။

Denko စက်သုံးဆီလုပ်ငန်း၊ MAB(မြန်မာ့​ရှေ့​ဆောင်ဘဏ်) ဘဏ်လုပ်ငန်းများသည် ဦးချစ်ခိုင်၏ လူသိများသည့် လုပ်ငန်းများဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Facebook