Connect with us

Hi, what are you looking for?

News

စစ်ကိုင်းမှ ​ရွှေဘိုဘက်ထွက်လာ​သော စစ်​ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ

မုံရွာဘက်သို့ထွက်ခွာသွားသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းသည် စစ်ကိုင်းမြို့နယ် ပျော့ရွာအနီးတွင်တစ်ကြိမ် နှင့် မြင်းမူမြို့နယ် ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားတွင်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံထားရပြီး ကားတစ်စီးပျက်စီးကာ စစ်​ကောင်စီတပ်ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

(ဧပြီ ၂၇ တွင်စစ်​ကိုင်းမှ ထွက်လာ​သော စစ်​ကောင်စီယာဥ်တန်း ။ ဓါတ်ပုံ-CJ)

စစ်​ကောင်စီတပ်က မိုင်းဆွဲခံရ​သော​နေရာအနီးရှိ​ကျေးရွာများသို့ လိုက်လံပစ်ခတ်​နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှထွက်ခွာသွားခဲ့ပြီး ရွှေဘိုဘက်ဦးတည်ထွက်ခွာသွားသော အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းသည်လည်း ရွှေဘို-မန္တလေးလမ်းမကြီးပေါ် စိုင်နိုင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ်ကရမ်းသမ်းပစ်ခတ်နေ၍ ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီလ ၂၇ ရက်​)မွန်းလွဲ ၂နာရီဝန်းကျင်က ရွှေဘို-မန္တလေးလမ်းမကြီး၊ စိုင်နိုင်ကွေ့အနီးတွင်စစ်ကားအကြီး ၇ စီး၊ ဂျမ်ပါ ကား တစ်စီးပါအကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးမိုင်းထိခဲ့ကြောင်း၊ အဆိုပါမိုင်းခွဲခံရမှုကြောင့် အကြမ်းဖက်စစ်တပ်သည် အခင်းဖြစ်ရာအနီးနားရှိ ကျေးရွာများအတွင်း ဝင်ရောက်ပစ်ခတ်ရမ်းကားနေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“ရွာတွေထဲထိ ဝင်ပစ်တယ်။ အင်အားများတယ်။ ကားတွေလည်း ရပ်ထားရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက တပ်ကားအကြီး၊ အသေး၊ အချုပ်ကား စသဖြင့် မိုးကာအလုံပိတ်ထားသော စုစုပေါင်းတပ်ကားအစီးရေ ၁၃၇စီးခန့်သည် မုံရွာ-မန္တလေးလမ်းအတိုင်း ထွက်ခွာလာပြီး အုန်းတောလမ်းဆုံတွင် မုံရွာနယ်ဘက်နှင့် ရွှေဘိုနယ်ဘက်သို့နှစ်ကြောင်းခွဲကာထွက်သွားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

မုံရွာဘက်သို့ထွက်ခွာသွားသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းသည် စစ်ကိုင်းမြို့နယ် ပျော့ရွာအနီးတွင်တစ်ကြိမ် နှင့် မြင်းမူမြို့နယ် ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားတွင်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံထားရပြီး ကားတစ်စီးပျက်စီးကာ စစ်​ကောင်စီတပ်ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။