စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်ရောက်၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၅)က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ စောအယ်တလယ်(ကိုယ်ပိုင်အမှတ် တသ/၅၅၅၁၆၁)သည် ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၅)ထံ အလင်းဝင်ရောက်လာခြင်း ဖြစ်သည်။

“အမှန်တရားကိုသိမြင်သော ရဲဘော် စောအယ်တလယ်အား ကျွန်တော်တို့ PDF များနှင့်ပြည်သူများမှနွေးထွေးစွာကြို ဆိုအပ်ပါသည်ခင်ဗျာ။ အရေး တော်ပုံအောင်နေပါပြီ”ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၅)က ယနေ့(ဧပြီ ၂၇ရက်) သတင်းထုတ်ပြန်သည်။
ယခုရက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးမြို့ကို စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တုန့်ပြန်တိုက်ခိုက်နေသည်။

Public Service Announcement
ဧပြီ ၂၄ရက်နှင့် ဧပြီ ၂၅ရက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၃ဦးထက်မနည်းသေဆုံးပြီး ၎င်းတို့စီးလာသည့် ကားအချို့လည်း ပျက်ဆီးခဲ့သည်။ အထိနာသွားသည့် စစ်ကောင်စီက ကလေးမြို့ နတ်ချောင်းရွာနှင့်ချောင်းခွရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံများ၏ နေအိမ် ၄၀ခန့် မီးလောင်သွားခဲ့သည်။


















































