Connect with us

Hi, what are you looking for?

News

သိန္ဒောရွာတိုက်ပွဲ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာဟု တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု အသိပေး

သိန္ဒောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၁၇)မှ တပ်စွဲထားသည့်အတွက် ပြောက် ကျားနည်းဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏဝင်ရောက်တိုက်ခိုက်မှုရှိခဲ့သည်။

(တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု(SWDF) ရဲဘော်များအား တွေ့ရစဥ်)

တနင်္သာရီ မြို့နယ်၊ သိန္ဒောကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံး ပြီး နှစ်ဦးဒဏ်ရာရရှိသည်ဟု တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု(SWDF)က အသိပေးထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယနေ့(ဧပြီ ၂၇ ရက်)နေ့လယ် ၁နာရီ ခန့်ကစတင်ဖြစ်ပွားခဲ့ကာ နေ့လယ် ၂ နာရီအထိ SWDF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၂) နှင့် ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများပါ အသုံးပြုခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SWDFက အသိပေးသည်။

သိန္ဒောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၁၇)မှ တပ်စွဲထားသည့်အတွက် ပြောက် ကျားနည်းဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏဝင်ရောက်တိုက်ခိုက်မှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၁ ရက် နှင့် ၂၂ ရက်တို့ တွင်လည်း သိန္ဒောကျေးရွာအတွင် တိုက်ပွဲ နှစ်ကြိမ်ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း SWDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။