Connect with us

Hi, what are you looking for?

News

ဗိုလ်မှူးချုပ်ကံမြင့်သန်း ခရီးစဥ်ကြိုထောက်စစ်ယာဥ်တန်းအား ကြားဖြတ်တိုက်ခိုက်ရာ ကားနှစ်စီးပျက်စီးဟု PRAပြော

ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီမှ ကားနှစ်စီးပျက်စီးကာ သေဆုံးသူ အရေအတွက် စိစစ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားလေးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်

(လူထုတော်လှန်ရေးမဟာမိတ်(PRA)မှ ရဲဘော်များအား ‌ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ဗိုလ်မှူးချုပ်ကံမြင့်သန်း(ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး) ခရီးစဥ်အကြိုထောက်လာသော စစ်ယာဥ်တန်းအား ကြားဖြတ်တိုက်ခိုက်ရာ ကားနှစ်စီးပျက်စီး၍ သေဆုံးသူ အရေ အတွက်စိစစ်ဆဲဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်(PRA)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို စေတုတ္တ​ရာမြို့နယ်၊ မဏ္ဍပ်ကိုင်ကျေးရွာအနီး ငဖဲ-စေတုတ္တရာလမ်းမပေါ်၌ PRA နှင့် Sidoktaya PDFတို့က ယနေ့(ဧပြီ ၂၇ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် ပူးပေါင်း၍ မိုင်းဆွဲခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးချုပ်ကံမြင့်သန်းခရီးစဥ်ကို အကြိုထောက်ရန်လာသော မိုင်းဆွဲခံရသည့် ယာဥ်တန်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ စေတုတ္တရာ(ကပစ- ၂၀ )မှ ဖြစ်ကြောင်း PRA က အသိပေးသည်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီမှ ကားနှစ်စီးပျက်စီးကာ သေဆုံးသူ အရေအတွက် စိစစ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားလေးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးရဲဘော်များ မှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဧပြီဒုတိယပတ်က ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့ အနောက်ဘက်ရှိ အနောက်ရိုးမတောင်ကြောတွင် စစ်ကောင်စီတပ်ကို PRA နှင့် Asho Chin တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်မှုမှ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့သည့် အပြင် လက်နက်ခဲယမ်းများပါရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်တွင်မေလကုန်ပိုင်းတိုက်ပွဲအတွင်းတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင် သေဆုံးပြီးနောက်ပိုင်း ရှေ့တန်းရောက်စစ်စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားပြီး အာရက္ခတပ်တော်(AA)ထံလက်နက်ချကြကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

သတင်း

စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ

သတင်း

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်