Connect with us

Hi, what are you looking for?

News

ဗိုလ်မှူးချုပ်ကံမြင့်သန်း ခရီးစဥ်ကြိုထောက်စစ်ယာဥ်တန်းအား ကြားဖြတ်တိုက်ခိုက်ရာ ကားနှစ်စီးပျက်စီးဟု PRAပြော

ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီမှ ကားနှစ်စီးပျက်စီးကာ သေဆုံးသူ အရေအတွက် စိစစ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားလေးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်

(လူထုတော်လှန်ရေးမဟာမိတ်(PRA)မှ ရဲဘော်များအား ‌ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ဗိုလ်မှူးချုပ်ကံမြင့်သန်း(ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး) ခရီးစဥ်အကြိုထောက်လာသော စစ်ယာဥ်တန်းအား ကြားဖြတ်တိုက်ခိုက်ရာ ကားနှစ်စီးပျက်စီး၍ သေဆုံးသူ အရေ အတွက်စိစစ်ဆဲဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်(PRA)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို စေတုတ္တ​ရာမြို့နယ်၊ မဏ္ဍပ်ကိုင်ကျေးရွာအနီး ငဖဲ-စေတုတ္တရာလမ်းမပေါ်၌ PRA နှင့် Sidoktaya PDFတို့က ယနေ့(ဧပြီ ၂၇ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် ပူးပေါင်း၍ မိုင်းဆွဲခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးချုပ်ကံမြင့်သန်းခရီးစဥ်ကို အကြိုထောက်ရန်လာသော မိုင်းဆွဲခံရသည့် ယာဥ်တန်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ စေတုတ္တရာ(ကပစ- ၂၀ )မှ ဖြစ်ကြောင်း PRA က အသိပေးသည်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီမှ ကားနှစ်စီးပျက်စီးကာ သေဆုံးသူ အရေအတွက် စိစစ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားလေးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးရဲဘော်များ မှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဧပြီဒုတိယပတ်က ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့ အနောက်ဘက်ရှိ အနောက်ရိုးမတောင်ကြောတွင် စစ်ကောင်စီတပ်ကို PRA နှင့် Asho Chin တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်မှုမှ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့သည့် အပြင် လက်နက်ခဲယမ်းများပါရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။