Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်မိသားစုနှင့်ပတ်သက်သော Star Sapphire groupလုပ်ငန်းစုကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုပြုလုပ်ရန် JFM တောင်းဆို

“သူတို့ဟာ စစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် ဘဏ္ဍာ ငွေနဲ့ လက်နက်တွေ ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီအတွက် ရာဇ၀တ်မှုတွေမှာ ကြံရာပါတွေ ဖြစ်ကြပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏မိသားစုနှင့်ဆက်နွယ်ပတ်သက်သည့် ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire group ကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် Justice for Myanmar က တောင်းဆိုထုတ်ပြန်သည်။

အထက်ပါ Star Sapphire group သည် မြန်မာစစ်တပ်၏ စစ်လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် အဓိကအခန်းကဏ္ဍကပါဝင်ပြီး မြန်မာစစ်တပ်နှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (ဦးပိုင်)တို့နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု JFM က ထုတ်ပြန်သည်။

“သူတို့ဟာ စစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် ဘဏ္ဍာ ငွေနဲ့ လက်နက်တွေ ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီအတွက် ရာဇ၀တ်မှုတွေမှာ ကြံရာပါတွေ ဖြစ်ကြပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Star Sapphire group ကို ဒေါက်တာထွန်းမင်းလတ်နှင့် ဇနီးဖြစ်သူ ဒေါက်တာဝင်းမင်းစိုးတို့က ချုပ်ကိုင်ထားပြီး ထွန်းမင်းလတ်သည် ယခင်စစ်အစိုးရလက်ထက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေး မှူးချုပ်တစ်ဦးဖြစ်သော ဒုဗိုလ်မှူးကြီးဟောင်း(လေ) ခင်မောင်လတ်၏ သားဖြစ်သည်ဟု JFM က ဖော်ထုတ်ရေးသားသည်။

Public Service Announcement

Public Service Announcement

ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ ထွန်းမင်းလတ်သည် Elbit Systems၊ Israel Shipyards၊ Israel Aerospace Industries နှင့် NORINCO တို့ အပါအဝင် အစ္စရေးနှင့် တရုတ်ကုမ္ပဏီများ၏ စစ်ကောင်စီနှင့် လက်နက်ရောင်းဝယ်ရေးတို့တွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာပြည်သူလူထု အပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ကူညီ ထောက်ပံပေးနေခြင်းဖြစ်ကြောင်း JFM က ထုတ်ပြန်သည်။

ထို့အပြင် Star Sapphire ၏ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Royal Mawtaung Mining (ယခင် Star Thiri Investment) ကို စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ပူးတွဲတည်ထောင်ခဲ့သည်။

သို့သော် ယင်းကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် ထုတ်ပြန်ထားသည့် သတင်းအချက်အလက် အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း JFM က ထုတ်ပြန်သည်။

Star Sapphire group သည် ဟိုတယ်၊ လောင်းကစား၊ စွမ်းအင်ကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ထားပြီး လက်ရှိ ထိုင်းအထက်လွှတ်တော်အမတ်၊ စီးပွားရေးလုပ်ငန်းရှင် Upakit Pachariyangkun နှင့် ကာလကြာရှည် မိတ်ဖက် ဆက်ဆံရေးတစ်ရပ် ရှိထားကြောင်း JFM က ဆိုသည်။

“ထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun၊ မြန်မာစစ်တပ်တို့နဲ့ တရားမဝင်ကာစီနိုလုပ်ငန်းတွေ လုပ်နေတယ်၊ Siam Commercial Bankနဲ့ ဘဏ်လုပ်ငန်းအပါအ၀င် တရားမဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ ဒါတွေကို ချက်ချင်း ရပ်တန့်ရပါမယ်”ဟု မရတနာမောင်က ပြောသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် အကြမ်းဖက်စစ်ကောင်စီထံ လက်နက်နှင့် ဘဏ္ဍာငွေ စီးဆင်းနေမှုများကို ရပ်တန့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး နှင့် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လုပ်ဆောင်ရန် JFMက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

​ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ အ​ရေးယူ ဒဏ်ခတ်မှု​တွေ​ရှောင်ရှားနိုင်ဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာမှ ​ဒေဝါလီ ခံထားတာဖြစ်​ပေမယ့် အ​မေရီကန် အစိုးရရဲ့ အ​ရေးယူပိတ်ဆို့မှုကို မ​ရှောင်လွဲနိုင်ခဲ့ပါဘူး။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။