Connect with us

Hi, what are you looking for?

News

သရုပ်ဆောင်ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီ အဓမ္မဖမ်းဆီး

ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရန် အကြမ်းဖက်စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦး ၏ တယ်လီဂရမ်၌ ယနေ့ နေ့လယ်က ရေးသားထားပြီးနောက် ညပိုင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သရုပ်ဆောင် ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏သမီးဖြစ်သူ စံထိပ်ထားဦး၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

“ဖေဖေ့ကို ခေါ်သွားပါပြီ”ဟု စံထိပ်ထားဦးက ပြီးခဲ့သည့် မိနစ်ပိုင်းတွင် ၎င်း၏ ပေ့ခ်ျ၌ရေးသားထားသည်။

ခိုင်သင်းကြည်တို့၏ နေအိမ်ကို ဧည့်စာရင်းအကြောင်းပြကာ လာရောက်စစ်ဆေးခြင်းဖြစ် ကြောင်း ယင်းပို့စ်မတင်မီ စံထိပ်ထားဦးက Live လွှင့် အသိပေးထားသည်။

ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရန် အကြမ်းဖက်စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦး ၏ တယ်လီဂရမ်၌ ယနေ့ နေ့လယ်က ရေးသားထားပြီးနောက် ညပိုင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ခိုင်သင်းကြည်ကို အကြမ်းဖက်စစ်ကောင်စီက လူမှုထူးချွန်တံဆိပ် ချီးမြှင့်ခဲ့ပြီးနောက် ဧပြီ ၁၆ ရက်တွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။