Connect with us

Hi, what are you looking for?

News

သရုပ်ဆောင်ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီ အဓမ္မဖမ်းဆီး

ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရန် အကြမ်းဖက်စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦး ၏ တယ်လီဂရမ်၌ ယနေ့ နေ့လယ်က ရေးသားထားပြီးနောက် ညပိုင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သရုပ်ဆောင် ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏သမီးဖြစ်သူ စံထိပ်ထားဦး၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

“ဖေဖေ့ကို ခေါ်သွားပါပြီ”ဟု စံထိပ်ထားဦးက ပြီးခဲ့သည့် မိနစ်ပိုင်းတွင် ၎င်း၏ ပေ့ခ်ျ၌ရေးသားထားသည်။

ခိုင်သင်းကြည်တို့၏ နေအိမ်ကို ဧည့်စာရင်းအကြောင်းပြကာ လာရောက်စစ်ဆေးခြင်းဖြစ် ကြောင်း ယင်းပို့စ်မတင်မီ စံထိပ်ထားဦးက Live လွှင့် အသိပေးထားသည်။

ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရန် အကြမ်းဖက်စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦး ၏ တယ်လီဂရမ်၌ ယနေ့ နေ့လယ်က ရေးသားထားပြီးနောက် ညပိုင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ခိုင်သင်းကြည်ကို အကြမ်းဖက်စစ်ကောင်စီက လူမှုထူးချွန်တံဆိပ် ချီးမြှင့်ခဲ့ပြီးနောက် ဧပြီ ၁၆ ရက်တွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။