Connect with us

Hi, what are you looking for?

News

ထီးဆောင်းဒေသ စစ်ကူသွားရောက်တိုက်ခိုက်သည့် မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့မှ CDM ရဲတပ်သား ကိုဟိန်းထက် ကျဆုံး

မြင်းမူမြို့နယ် အခြေစိုက်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် MyinMu Defence Force နှင့် GTR MMU စခန်းနေရာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ (ဧပြီ ၂၉ရက်) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့နှစ်ဖွဲ့မှ ထုတ်ပြန်အသိပေးထားသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ထီးဆောင်းဒေသ၌ စစ်ကူအဖြစ်သွားရောက်တိုက်ခိုက်သည့် မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့မှ CDM ရဲတပ်သား ကိုဟိန်းထက် ကျဆုံးသွားကြောင်း မြင်းမူအခြေစိုက် တော်လှန်ရေးအဖွဲ့ (GTR MMU)က ယနေ့ ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၂၉ ရက်) နံနက် ၆ နာရီတွင် မြင်းမူမြို့သို့ စစ်ကြောင်းထိုးမည်ဟု သတင်းအရသွားရောက်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရှင်းပြသည်။

“ကျသွားတာ ကျွန်တော်အဖွဲ့ ဒုခေါင်းဆောင်ပါ။နယ်ခြားစောင့်ရဲ တပ်ဖွဲ့ကနေ CDM အနေနဲ့ ဝင်လာခဲ့သူပါ။ဒီမနက် သူတစ်ယောက်တည်းနဲ့ကို စခ ၁၀ ဦး လောက်ကို ရှင်းပစ်နိုင်ခဲ့တာ။မျက် မြင်တွေပါ”ဟု ၎င်းက People’s Springသို့ ပြောသည်။

ယနေ့နံနက် တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး ၁၅ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိသည်ဟု Zero ပြောက်ကျားတပ်ဖွဲ့က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့နှင့်စသိရချိန် ငါန်းဇွန်ရဲစခန်းဝင်ရောက်စီးနင်းပစ်ခက်ခဲ့ချိန်မှစ မြင်းခြံခရိုင်အတွင်းရှိ စခ ၊ရခ များနှင့်ပျူဒလန်များအား ဦးဆောင်သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ပုလဲက မြန်မာ့တော်ဝန်နဂါးတပ်တော် ဗိုလ်နဂါးအဖွဲ့နှင့်လည်း ပူးပေါင်းတိုက်ပွဲများ ဆင်နွှဲနိုင်ခဲ့တဲ့သူရဲကောင်းတစ်ဦးဖြစ်ပါတယ် တာဝန်ကျေပွန်တာထပ်ကို ပိုခဲ့ပါတယ်”ဟု ကျဆုံးခဲ့သော ကိုဟိန်းထက်နှင့် နီးစပ်သူတစ်ဦးက ဂုဏ်ပြုစကားဆိုသည်။

မြင်းမူမြို့နယ် အခြေစိုက်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် MyinMu Defence Force နှင့် GTR MMU စခန်းနေရာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ (ဧပြီ ၂၉ရက်) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့နှစ်ဖွဲ့မှ ထုတ်ပြန်အသိပေးထားသည်။

“ဒီနေ့ မနက် ကျွန်​တော်တို့ GTR MMUစခန်းကို ခွေးတွေဝင် စီးတာခံရပါတယ်။ မုံရွာ-မန္တလေးလမ်းနဲ့ ထီးဆောင်း – အရာတော်လမ်းသွားမယ့် သူတွေဂရုစိုက်ဖို့ မှာပါရစေ။ဖြစ်နိုင်ရင် မသွားကြပါနဲ့”ဟု GTR-MMU အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။