Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဉ်တန်းအား မင်းတပ်CDF တိုက်ခိုက်၊မင်းတပ် – မူတူပီလမ်း မိုင်တိုင်(၇၁)တွင် တိုက်ပွဲပြင်းထန်

“တိုက်ပွဲသတင်းအသေးစိတ်ကို မသိရသေးပေမယ့် ကိုယ့်လူတွေဖက်က အကျဆုံးမရှိတာတကယ့်သတင်း ကောင်းပါပဲ”ဟု မင်းတပ် CDF ဗျူဟာမှူးဟောင်း နိုင်းတမ်ကပြောသည်။

မတူပီမှ မင်းတပ်မြို့သို့လာသည့်စစ်ကောင်စီယာဉ်တန်းကိုမင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ယနေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းဟာအွမ်ကအသိပေးထားသည်။

ဧပြီ၃၀ရက် မွန်းလွဲ ၂နာရီခွဲတွင် မတူပီ-မင်းတပ်လမ်းမိုင်တိုင် (၇၁)၌ စစ်ကောင်စီယာဉ်တန်းနှင့် CDF မင်းတပ် (မိုးပီတပ်ရင်း)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မင်းတပ် CDFပြောရေးဆိုခွင့်ရှိသူ၏ Ha Om အမည်ရှိ လူမှုကွန် ရက် အသုံးပြုသူက ရေးသားထားသည်။

တိုက်ပွဖြစ်စဉ်အသေးစိတ်အခြေအနေ မသိရသေးကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

“CDF-Mindat ကတော့အပြောနဲ့လက်တွေ့ပါပဲ။မင်းတပ်နယ်ဝင်လာတာနဲ့တိုက်ခိုက်နေပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုစစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်နေသည့် မင်းတပ် CDF မိုးပီတပ်ရင်းသည် အင်အား၃၀၀လိုက်ပါလာသည့်စစ်ကောင်စီယာဉ်တန်းကိုမိုင်တိုင် (၇၁)၌ ၄နာရီကြာတိုက်ခိုက်ခဲ့ကြောင်း မင်းတပ် CDF ဗျူဟာမှူးအဖြစ်တာဝန်ယူခဲ့သည့်နိုင်းတပ်က ၎င်းက ရေးသားထားသည်။

“တိုက်ပွဲသတင်းအသေးစိတ်ကို မသိရသေးပေမယ့် ကိုယ့်လူတွေဖက်က အကျဆုံးမရှိတာတကယ့်သတင်း ကောင်းပါပဲ”ဟု မင်းတပ် CDF ဗျူဟာမှူးဟောင်း နိုင်းတမ်ကပြောသည်။

အဆိုပါစစ်ကောင်စီတပ်ယာဉ်တန်းသည် မတူပီမှဧပြီ၂၇ရက်တွင် ထွက်ခွာလာရာလမ်းပိုင်း၌ မတူပီ CDFကလည်း မိုင်းဆွဲတိုက်ခိုက်ခြင်း၊ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့၍စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။