Connect with us

Hi, what are you looking for?

LuduNwayOo

News

ခင်ဦးမြို့နယ် ပျဥ်ထောင်ရွာတိုက်ပွဲ စစ်ကောင်စီတပ်ခြောက်ဦးခန့်သေ၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်ငါးဦးကျဆုံးခဲ့ရ

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၁၃ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိကြောင်း Data for Myanmarကထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဥ်များသည် နေရာပေါင်း ၂၅၄ နေရာခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ခင်ဦးမြို့နယ်မှ ကျေးရွာများ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာတွင် အကြမ်းဖက်စစ်သား ခြောက်ဦးခန့်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများနှင့် ဒေသခံကာကွယ်ရေးများ ယမန်နေ့ (ဧပြီ၃၀ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ခင်ဦးမြို့နယ်မှ ကျေးရွာများ)

ယနေ့ (မေလ ၁ ရက်)တွင်လည်း KSOအဖွဲ့ ရဲဘော်သုံးဦး စစ်ဆင်ရေးထွက်ရင်း မိုင်းမတော်တဆမှုကြောင့် ဆေးကုသမှုခံယူနေရကြောင်း Khin U Support Organization-KSOက အသိပေးသည်။

Public Service Announcement

“မနက်၉နာရီ လောက်က ပျဥ်ထောင်ကိုချဥ်းကပ်ခဲ့တာ ကင်းပုန်းကပစ်လို့နှစ်ဦး အရင်ကျတယ်။ တိုက်ပွဲဆက်ဖြစ်တာ သူတို့ဘက်က ငါးယောက်၊ခြောက်ယောက်လောက်ကျတယ်။ ပြီးတော့ ကျွန်တော်တို့ကာကွယ်ရေးတပ် မဟာမိတ်က သုံးဦး ထပ်ကျလို့ စုစုပေါင်းရဲဘော် ငါးဦးကျဆုံးခဲ့ရတယ်။ “ဟု Khin U Support Organization-KSO တာဝန်ခံက ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ရဲဘော်များကျဆုံးထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ Khin U Support Organization-KSOသို့ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဧပြီ၂၃ရက်မှ ၃၀ရက်အထိ တစ်ပတ်အတွင်း အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ရဲဘော်ပြည်သူ ၁၅ ဦး၊ နေအိမ် ၃၃၀ကျော်၊ အိမ်မွေးတိရစ္ဆာန် ကြက်၊ဝက်၊ဘဲ အကောင်ရေ ၁၀၀ကျော်၊ ခိုင်းနွား၊ကျွဲ အကောင်ရေ ၂၀ကျော်၊ ကား၊ထော်လာဂျီ၊ဆိုင်ကယ် အစီး၂၀ခန့် နှင့် ဆုံးရှုံးမှုပစ္စည်းတန်ဖိုးများစွာရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထးသည်။

(တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ခင်ဦးမြို့နယ်မှ ကျေးရွာများ)

ခင်ဦးမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း မီးရှို့ဖျက်ဆီးခံရသည့်အိမ်ခြေ ၁၀၀၀ကျော်ရှိလာကာ၊အရပ်သားပြည်သူရဲဘော် စုစုပေါင်း ၁၇၀ခန့် သတ်ဖြတ်ခံထားရကြောင်း၊ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ထောင်ချီ နေစရာ၊စားစရာ အခက်အခဲဖြစ်နေပြီး ဒေသတွင်းပြည်သူအချင်းချင်းသာ အကူအညီပေးနေရ၍ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် တက်နိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ မျှဝေပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၁၃ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိကြောင်း Data for Myanmarကထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဥ်များသည် နေရာပေါင်း ၂၅၄ နေရာခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။