Connect with us

Hi, what are you looking for?

News

မင်းတပ် CDFနှင့် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ပွဲဖြစ်

မတူပီမှ မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် ရှေ့ပြေးစစ်ကြောင်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှစတင်တိုက်ခိုက်နေပြီး နေ့စဉ် တိုက်ပွဲပြင်းထန်ခဲ့သည်။

(Chin Defence Force - Mindat ၏ တော်လှန်ရေး တစ်နှစ်ပြည့်အခမ်းအနား (သို့) တူမီးတော်လှန်ရေး တစ်နှစ်ပြည့်အခမ်းအနားကို မင်းတပ်မြို့နယ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ရုံးစိုက်ရာဒေသ၌ ဧပြီ၂၄ရက်က ကျင်းပနေစဥ်၊ ဓာတ်ပုံ - CDF မင်းတပ်)

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများဟုပြော

ချင်းပြည်နယ် မင်းတပ် – မတူပီလမ်းပိုင်းတွင် စစ်ကောင်စီတပ်ကို ယနေ့ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

မတူပီမှ မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် ရှေ့ပြေးစစ်ကြောင်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှစတင်တိုက်ခိုက်နေပြီး နေ့စဉ် တိုက်ပွဲပြင်းထန်ခဲ့သည်။

Public Service Announcement

“ဒီနေ့ စကစဘက်က ငါးယောက်သေတယ်။ မိုင်တိုင်ဘယ်လောက်မှာ ဖြစ်တယ်ဆိုတာတော့ အခြေအနေအရ မကြေညာတော့ဘူး။ စကစဘက်ကနေ ငါးယောက်လောက်သေတယ် ဒဏ်ရာအများအပြားရတယ်။ ကျွန်တော့်ဆီကို သတင်းလှမ်းပို့တာတော့ သူတို့နောက်ကနေ လိုက်ပစ်တာလို့ ပြောတယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်နေ့များကလည်း မင်းတပ် CDF တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

မတူပီသို့ အင်အားပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် ဧပြီ ၂၇ရက်မှစ၍ မတူပီ မြို့မှ ထွက်ခွာလာရာ မြို့အထွက်၌ပင် မတူပီ CDFက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်း မင်းတပ်မြို့နယ်သို့ ဝင်လာရာတွင်လည်း မင်းတပ် CDFက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။