Connect with us

Hi, what are you looking for?

News

ဆွဲလဲအိုးရွာ ၃နာရီကျော်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၃၅ ဦးခန့်သေဟု မြောင် PDF ပြော

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး နှဖူးဒဏ်ရာနှင့် မျက်လုံးယမ်းချေးမှန် ဒဏ်ရာရရှိသော်လည်း ချက်ချင်းဆေးဝါးကုသပေးနိုင်ခဲ့သည့်အတွက် သက်သာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ရဲဘော်များ တိုက်ပွဲမှပြန်လာစဥ် ဒေသခံများက သပြေပန်းများဖြင့် ကြိုဆိုနေကြစဥ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလဲအိုးကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ၃နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၃၅ ဦးခန့်သေဆုံးနိုင်သည်ဟု မြောင် PDF မှ တာဝန်ရှိသူက ပြောသည်။

မေလ ၂ ရက် နံနက် ၄နာရီကစ၍ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရန် မြောင် PDFနှင့် မဟာမိတ်အဖွဲ့ ၂၅ဖွဲ့ကျော်စု​ပေါင်း၍ ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ရဲဘော်များ တိုက်ပွဲမှပြန်လာစဥ် ဒေသခံများက သပြေပန်းများဖြင့် ကြိုဆိုနေကြစဥ်

“ကြိုတင်ပြင်ဆင်ပြီစောင့်တိုက်ခဲ့လို့ စခအုပ်စု အကျအဆုံးများပြီး ပြန်ဆုတ်သွားရတာ။ဒါပေမယ့် ဒီကောင်တွေပြန်ဆုတ်တဲ့အထိ လိုက်တိုက်ဖို့ လုပ်ထားပေမယ့် ရွာထဲ ဖြစ်နေတော့ ပြည်သူတွေကို ပြန်ကြည့်ရသေးတာ။ဒါကြောင့် အောင်အောင်မြင်မြင်ပဲ ပြန်ဆုတ်နိုင်ခဲ့တယ်ပြောရမယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး နှဖူးဒဏ်ရာနှင့် မျက်လုံးယမ်းချေးမှန် ဒဏ်ရာရရှိသော်လည်း ချက်ချင်းဆေးဝါးကုသပေးနိုင်ခဲ့သည့်အတွက် သက်သာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား တွေ့ရစဥ်

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ရဲဘော်များ တိုက်ပွဲအပြန်လမ်း၌ ကျေးရွာများမှ ပြည်သူများက အောင်သပြေပန်းနှင့် အအေး၊ မုန့်စားစာရာအစုံတို့ဖြင့် လမ်းတစ်လျောက် ဂုဏ်ပြုခဲ့သည်ဟုလည်း သိရသည်။

အလားတူ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအကြမ်း ဖက်စစ်ကောင်စီတပ်များဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ဗုံးသီးများ၊ ကျည်ဆံများနှင့် လက်ပစ်ဗုံးအပြင် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။

မြောင် PDF ရဲဘော်များ

မြောင်မြို့နယ်သို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းတွင် ရဲများကိုသာအသုံးပြုထားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။