Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက်ပွဲဖြစ် စစ်​ကောင်စီတပ် ၁၀ ဦး​သေ၊ CDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

အရှေ့စည်းရွာတွင် မေ ၁ ရက် နံနက် ၆နာရီခန့် နှင့် ရှားဖို့ရွာတွင် မေ ၂ ရက် မနက်ပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ တစ်ဦးကျဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်း​ဒေသကာကွယ်ရေးတပ်-က​လေး၊က​ဘော်-ဂန့်​​ဂေါ CDF(KKG)က သတင်းထုတ်ပြန်သည်။

(CDF (KKG )တပ်ဖွဲ့ဝင်တစ်ဦး)

ကလေးမြို့တောင်ပိုင်း၊အရှေ့စည်းရွာနှင့် ရှားဖိုရွာများတွင် စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

အရှေ့စည်းရွာတွင် မေ ၁ ရက် နံနက် ၆နာရီခန့် နှင့် ရှားဖို့ရွာတွင် မေ ၂ ရက် မနက်ပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ တစ်ဦးကျဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်း​ဒေသကာကွယ်ရေးတပ်-က​လေး၊က​ဘော်-ဂန့်​​ဂေါ CDF(KKG)က သတင်းထုတ်ပြန်သည်။

မေ ၁ ရက် တိုက်ပွဲတွင် အရှေ့စည်းရွာကို အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီများက ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ၁၅ ချက်ခန့်ပစ်ခတ်ခဲ့သလို ဒေသခံကာကွယ်ရေးတပ်များနှင့် အနီးကပ်တိုက်ပွဲလည်းဖြစ်ပွားခဲ့သည်။ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီး CDF(KKG) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ PDF(ကလေး) တပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိခဲ့သည်။

CDF-KKG နှင့်အတူ PDF(ကလေး)၊ CNDF၊ ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ် RKDF နှင့် ပကဖအဖွဲ့စသည့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မေ၂ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အောင်မင်္ဂလာရွာဖက်မှ အင်အား ရာဂဏန်းဖြင့် ရှားဖိုရွာကို စစ်ကြောင်းတက်လာသဖြင့် တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးပြီး CDF(KKG)တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ သေနတ် လေးလက်သိမ်းဆည်းရမိခဲ့သည်ဟုထုတ်ပြန်ထားသည်။

“ဒီနေ့ တစ်နေကုန် ရှားဖိုရွာမှာ တိုက်ပွဲပြင်းထန်လျက်နေပါတယ်၊ ကျွန်တော်တို့ ရဲဘော်နှစ်ယောက် လက်နက်ကြီးကြောင့် ဒဏ်ရာရထားတယ်။ စကစဖက်ကနေတော့ အင်အားထပ်တိုးပြီး ထိုးစစ်ဆင်နေတာ ခုထိမရပ်သေးဘူး။ ကျွန်တော်တို့ဖက်ကလည်း ခုထိမဆုတ်ဘဲ ခုခံနေကြတုန်း”ဟု CDF(KKG)တပ်သားတစ်ဦးက ၎င်း၏ လူမူကွန်ယက်တွင် ယနေ့ ညဦးပိုင်းကရေးသားခဲ့သည်။

တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်များက လူနေအိမ်နှင့် အရပ်သားပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားထိခိုက်မူများရှိပြီး အရှေ့စည်းရွာရှိ လူနေအိမ်များကိုလည်းစစ်တပ်က မီးရှို့ဖျက်ဆီး​နေသည်ဟု​​ဒေသခံအချို့က​ပြောသည်။စစ်ကောင်စီတပ်များသည် အရှေ့စည်းရွာနှင့် အောင်မင်္ဂလာရွာတို့မှ ပြန်လည်ဆုတ်ခွာခြင်းမရှိသောကြောင့် တိုက်ပွဲများ အချိန်မရွှေးဖြစ်နိုင်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook