Connect with us

Hi, what are you looking for?

News

မြန်မာသတင်းသမားများအပေါ် မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများအတွက် စစ်ကောင်စီကို ဖိအားပေးအရေးယူရန် နိုင်ငံတကာထံ NUG တောင်းဆို

သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးကြသူများ ထိခိုက်နစ်နာမူမရှိစေရေး ကာကွယ်နိုင်ရန် အတွက်လည်း သမိုင်းဖြစ်စဉ်များအပေါ်သင်ခန်းစာယူကာ ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း NUGက ထုတ်ပြန်သည်။

မြန်မာသတင်းမီဒီယာများ၊ သတင်းသမားများနှင့် လူထုသတင်းသမားများကို အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေမှုများအပေါ် ဖိအားပေးအရေးယူနိုင်ရန် နိုင်ငံတကာအသိုင်းအဝန်းကို NUG ကတောင်းဆိုသည်။

ယနေ့ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ယင်းသို့ တောင်းဆိုခြင်းဖြစ်ပြီး စစ် ကောင်စီက ကျူးလွန်နေသော စစ်ရာဇဝတ်မူများကို နိုင်ငံတကာက သိရှိအရေးယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGက တိုက်တွန်းသည်။

ထို့အပြင် NUGသည် သတင်းမီဒီယာများ၊ သတင်းသမားများ၊ လူထုသတင်းသမားများနှင့် သတင်းရင်းမြစ်များအပေါ် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသည့် ပြစ်မှုများအတွက် တရားမျှတမှုရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်။

Public Service Announcement

သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးကြသူများ ထိခိုက်နစ်နာမူမရှိစေရေး ကာကွယ်နိုင်ရန် အတွက်လည်း သမိုင်းဖြစ်စဉ်များအပေါ်သင်ခန်းစာယူကာ ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း NUGက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားသော အတွေးအခေါ်များ ထွန်းကား ရှင်သန်ရေး၊ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ရန်ပြုမှုများ လျှော့ပါးပပျောက်ရေး နှင့် သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရရှိရေးအတွက် အာမခံနိုင်သော အခြေခံအဆောက်အအုံများ စနစ်တကျ တည်ဆောက်နိုင်ရေးတို့ကို တော်လှန်ရေး အင်အားစုများနှင့်အတူ ဦးတည်ချက်ထားကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUGက ဆိုသည်။

စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၆၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ၅၀ ကျော်သည် လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ သတင်းသမား ၃ ဦးမှာ စစ်မြေပြင် နှင့် စစ်ကြောရေး၌ ကျဆုံးရခဲ့ကြောင်း Myanmar Press Freedom In-Depth က ထုတ်ပြန် ထားသည်။

ထို့အပြင် ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းဌာန ၁၁ခုရှိပြီး အခြားသတင်းဌာန ၃ ခုမှာ ခေတ္တရပ်နားခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်