Connect with us

Hi, what are you looking for?

News

ကလေးနယ်တောင်ပိုင်း ရှားဖိုရွာနှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးထက်မနည်းသေ

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများသည် ရှားဖိုရွာအတွင်းသို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းလည်း CNOက ထုတ်ပြန်သည်။

▪️လက်နက် ​လေးလက်ရဟု CNO အသိပေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရှားဖို​ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ဦး သေဆုံးပြီး သေနက် ၄လက်ရရှိခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)က ယနေ့သတင်းထုတ်ပြန်သည်။

မေလ ၂ရက် နံနက်မှစ၍ ရှားဖိုကျေးရွာသို့ ခြေလျင်ဖြင့်စစ်ကြောင်းထိုးလာသည့် အင်အားရာဂဏန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်ပါးစေ ပျူစောထီးအဖွဲ့များကို CNDF၊ CDF- KKG၊ PDF-Kalay၊ RKDF နှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ မေလ ၃ရက်အထိ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ ပထမရက်တွင် စစ်ကောင်စီဖက်မှ ငါးဦးထက်မနည်းကျဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ သေနတ် ​လေးလက် သိမ်းဆည်းရမိခဲ့ကြောင်း၊ ဒုတိယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု ကို အတည်မပြုနိုင်သေးကြောင်းဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က ထိခိုက်မှုရှိမရှိကိုမူ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများသည် ရှားဖိုရွာအတွင်းသို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းလည်း CNOက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။