ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးကြောင်း ကရင်နီတပ်ဖွဲ့များက ယနေ့(မေ ၄ ရက်)တွင် ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်များအရ ယမန်နေ့(မေ ၃ ရက်) နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ဒေါပိုရှေ့ကျေး ရွာ နှင့် ထားလဲရွာကြား၌ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်KA ၊ KNDF B-15တို့ အပြန်အလှန်ပစ်ခတ်မှု ၁နာရီခန့်ကြာဖြစ်ပွားခဲ့သည်။
ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာများလည်း ရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း(၁၅) က ဆိုသည်။
ထို့အတူ ယမန်နေ့ နံနက် ၁၁နာရီ မိနစ် ၂၀ခန့်တွင် DMO Local PDF ဗျူဟာ (၃)မှ ဒီးမော့ဆိုမြို့မ ရပ်ကွက်သို့နယ်မြေရှင်းလင်းကင်းထောက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဘတ်ဖိုးကားဖြင့် အကာအကွယ်ယူ တက်လာချိန်တွင် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Public Service Announcement
စစ်ကောင်စီတပ်က (၄၀)မမ နှင့် RPG လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ရာ ၁၅မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး ဗျူဟာ(၃)လက်ဖြောင့်တပ်သား၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦးသေကာ စစ်တပ်မှ ဖရိုဖရဲဖြင့်တပ်ဆုတ်ခွာခဲ့ရကြောင်း DMO Local PDFက အသိပေးသည်။
ဧပြီနောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ်ရှိ စက်ဇုန်နေရာများကို DMO Local PDFက နယ်မြေရှင်းလင်းမှုများစတင်ပြုလုပ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ် ၏လက်နက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိထား သည်။


















































