Connect with us

Hi, what are you looking for?

News

ရှားဖိုရွာနှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် အနည်းဆုံး ၂၀ ဦးသေဟုက​လေးPDF​ပြော၊ PDF တစ် ဦးဒဏ်ရာရ

ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်မှ အလောင်း ၄လောင်းနှင့်အတူ MA1 မောင်းပြန်သေနတ် ၂လက်၊ MA2 စက်ကလေး ၂လက် ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လွှတ်တင်သော ဗုံး ၃လုံးပါဝင်သည့် တိုက်ခိုက်ရေးဒရုန်း ၁စင်းကို ပစ်ခတ်နိုင်ခဲ့ကြောင်း ရရှိခဲ့သည့် ဒရုန်းနှင့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံများနှင့်အတူထုတ်ပြန် ထားသည်။

ပူး​ပေါင်းတပ်မှ ပစ်ချ၍ သိမ်းဆည်းနိုင်ခဲ့​သော စစ်တပ်၏ဒရုန်းတစ်စီး

▪️ပူး​ပေါင်းတပ်ဖွဲ့ကလက်နက် လေးလက်၊ ဒရုန်းတစ်စီး၊ ခဲယမ်းနှင့်စစ်ဘက်သုံးပစ္စည်းများသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရှားဖို​ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ကာ သေနက် ၄လက်နှင့် ခဲ့ယမ်းများရရှိခဲ့သည်ဟုက​လေး PDFက ယနေ့သတင်းထုတ်ပြန်သည်။

မေလ ၂ရက် နံနက်မှစ၍ ရှားဖိုကျေးရွာသို့ ခြေလျင်ဖြင့်စစ်ကြောင်းထိုးလာသည့် အင်အားရာဂဏန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်ပါးစေ ပျူစောထီးအဖွဲ့များကို PDF-က​လေး၊ CNDF၊ CDF- KKG၊ RKDF Zomi PDF နှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ နှစ်ရက်ဆက် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ စစ်​ကောင်စီတပ်ကအထိနာသဖြင့် တိုက်ခိုက်​ရေးရဟတ်ယာဥ် ၂ စီးဖြင့် ယမန်​နေ့ည​နေက တိုက်ခိုက်ခဲ့သည်။

သိမ်းဆည်းရမိ​သော စစ်​ကောင်စီတပ်၏ လက်နက်​ ၄ လက်

တိုက်ပွဲတွင် စစ်​ကောင်စီတပ်သားအနည်းဆုံး ၂၀ ဦး ​သေဆုံးပြီး ၊ဒဏ်ရာရသူအများအပြားရှိခဲ့သည်ဟုဆိုသည်။ထိုအပြင်ယမန်​နေ့ ​နေလယ်ပိုင်းက ​အောင်မဂ်လာရွာမှ ရှားဖိုရွာသို့ ချဥ်းကပ်လာ​သောစစ်​ကောင်စီတပ်များကိုက​လေး PDFကမိုင်းဆွဲတိုက်ခိုက်မှု​ကြောင့် ​သေဆုံးထိ့ခိုက်သူတိုးလာနိုင်​သေး​ကြောင်းလည်း​​ဖော်ပြထားသည်။ ပူး​ပေါင်းတပ်ဖွဲွများဘက်မှ တစ်ဦးဒဏ်ရာရရှိပြီ မစိုးရိမ်ရဟုသိ့ရသည်။ သို့​သော် အကြမ်းဖက်စစ်​ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်၍ ရှားဖိုရွာမှ အမျိုးသား ၂ ဦး ၊အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်မှ အလောင်း ၄လောင်းနှင့်အတူ MA1 မောင်းပြန်သေနတ် ၂လက်၊ MA2 စက်ကလေး ၂လက် ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လွှတ်တင်သော ဗုံး ၃လုံးပါဝင်သည့် တိုက်ခိုက်ရေးဒရုန်း ၁စင်းကို ပစ်ခတ်နိုင်ခဲ့ကြောင်း ရရှိခဲ့သည့် ဒရုန်းနှင့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံများနှင့်အတူထုတ်ပြန် ထားသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်၏ အ​လောင်းတစ်​လောင်း

“ရှားဖိုတိုက်ပွဲက မနေ့(​မေ ၂)မနက်ကနေ စပြီး မနားတမ်းပစ်ခတ်ခဲ့တယ်။သတင်းကောင်းတစ်ခုက စစ်ကောင်စီတပ်လွှတ်လိုက်တဲ့ ဗုံးသီးပါတဲ့ ဒရုန်းတစ်စင်းကို ပစ်ချနိုင်တာနဲ့ မနေ့ညကနေ ဒီနေ့(​မေ၃)အထိ ကိုယ့်ဖက်က ထိခိုက်ဒဏ်ရာရတာမရှိသေးဘူး”ဟု CDF- KKG တပ်ဖွဲ့ဝင်တစ်ဦးကPeople’s Spring သို့ ​မေ ၃ ရက် ညတွင်ပြောသည်။

ယမန်နေ့တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီးနောက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီနှင့် ပျူစောထီးများ ရှားဖိုရွာအတွင်းသို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီး​နေ​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ်က က​လေးမြို့နယ်​တောင်ပိုင်းရှိ​ကျေးရွာများသို့ ထိုးစစ်ဆင်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်​နေသဖြင့်ဒေသခံ​ထောင်နှင့်ချီ၍ စစ်ဘေးရှောင်နေကြရသည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။