Connect with us

Hi, what are you looking for?

News

မင်းတပ် CDF၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ငါးဦးထပ်သေ၊ မနက်ဖြန်တိုက်ပွဲ ပိုပြင်းထန်နိုင်ဟု ထုတ်ပြန်

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယနေ့ညပိုင်း၌ မူတပီ – မင်းတပ်လမ်း မိုင်တိုင်(၄၅)တွင် ညအိပ်နိုင်ကြောင်း ခန့်မှန်းထားပြီး မနက်ဖြန် မေလ ၅ရက်တွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု မင်းတပ် CDFက ထုတ်ပြန်ထားသည်။

(မကွေးတိုင်း ကျောက်ထုမှ ချင်းပြည်နယ် ပတူပီသွားရောက်သော စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်)

မတူပီမှ မင်းတပ်မြို့သို့ ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း မင်းတပ် ချင်းကာကွယ် ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့(မေ ၄ရက်) နံနက်စော ၃နာရီခွဲတွင် တိုက်ခိုက်ခဲ့ရာ ၂နာရီကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

တိုက်ပွဲတွင် မင်းတပ် CDFတပ်ဖွဲ့ဝင်များ လုံခြုံဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယနေ့ညပိုင်း၌ မူတပီ – မင်းတပ်လမ်း မိုင်တိုင်(၄၅)တွင် ညအိပ်နိုင်ကြောင်း ခန့်မှန်းထားပြီး မနက်ဖြန် မေလ ၅ရက်တွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု မင်းတပ် CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ငါးဦး ထပ်မံသေဆုံးခဲ့၍ မတူပီမှ ပြန်လာသည့်စစ်ယာဉ်တန်းကို မင်းတပ် CDFက တိုက်ခိုက်ရာ၌ သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးထက်မနည်းရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။