Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ် CDF၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ငါးဦးထပ်သေ၊ မနက်ဖြန်တိုက်ပွဲ ပိုပြင်းထန်နိုင်ဟု ထုတ်ပြန်

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယနေ့ညပိုင်း၌ မူတပီ – မင်းတပ်လမ်း မိုင်တိုင်(၄၅)တွင် ညအိပ်နိုင်ကြောင်း ခန့်မှန်းထားပြီး မနက်ဖြန် မေလ ၅ရက်တွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု မင်းတပ် CDFက ထုတ်ပြန်ထားသည်။

(မကွေးတိုင်း ကျောက်ထုမှ ချင်းပြည်နယ် ပတူပီသွားရောက်သော စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်)

မတူပီမှ မင်းတပ်မြို့သို့ ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း မင်းတပ် ချင်းကာကွယ် ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့(မေ ၄ရက်) နံနက်စော ၃နာရီခွဲတွင် တိုက်ခိုက်ခဲ့ရာ ၂နာရီကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

တိုက်ပွဲတွင် မင်းတပ် CDFတပ်ဖွဲ့ဝင်များ လုံခြုံဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယနေ့ညပိုင်း၌ မူတပီ – မင်းတပ်လမ်း မိုင်တိုင်(၄၅)တွင် ညအိပ်နိုင်ကြောင်း ခန့်မှန်းထားပြီး မနက်ဖြန် မေလ ၅ရက်တွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု မင်းတပ် CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ငါးဦး ထပ်မံသေဆုံးခဲ့၍ မတူပီမှ ပြန်လာသည့်စစ်ယာဉ်တန်းကို မင်းတပ် CDFက တိုက်ခိုက်ရာ၌ သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးထက်မနည်းရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။