Connect with us

Hi, what are you looking for?

News

ကနီတွင် ရဲစခန်း မီးရှို့စွန့်ခွာသွားသည့် စစ်ကောင်စီတပ်ထောင်ထားခဲ့သောမိုင်းနင်းမိ၍ ဒေသခံနှစ်ဦးဒဏ်ရာရ

အကြမ်းဖက်အုပ်စုသည် ဝင်မနားရွာ၏ အရှေ့တောင်ဘက်ရှိ ကနဲ၊သခွတ္တနယ်ဘက်သို့ ရွေ့လျားသွားကြောင်း ဒေသတွင်း ချင်းတွင်းချစ်သူ စာမျက်နှာက အသိပေးသည်။

(ဝင်မနားရွာ မီးလောင်ကျွမ်းနေစဥ်။)

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုက ကိုယ့်စခန်းကိုယ် မီးရှို့စွန့်ခွာသွားပြီး ၎င်းတို့ ထောင်ထားခဲ့သောမိုင်းနင်းမိ၍ ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၃၀ ရက်က ကနီမြို့နယ်၊ဝင်မနားရဲစခန်းကို ကနီမြို့နယ်(ပကဖ)၊ မြစ်အ‌ရှေ့ဖက်ကမ်းအဖွဲ့က ဒုန်းယာဉ်နှစ်စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

Public Service Announcement

တိုက်ခိုက်ခံခဲ့ရသော အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့(မေလ ၄ ရက်) နံနက် ၆နာရီခွဲခန့်က ရွေ့လျားဆုတ်ခွာသွားခဲ့သည်။ ၎င်းတို့ ဆုတ်ခွာစဉ် ရဲစခန်းအနီးအနား မိုင်းများထောင်ထားခဲ့ရာ အဆိုပါမိုင်းကို နင်းမိ၍ ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်အကြမ်းဖက်အုပ်စုသည် ဝင်မနားရွာ ဝန်ထမ်းအိမ်ရာအပါအဝင် နေအိမ်လေးလုံး၊ ချောင်းကွေ့ရွာမှ နေအိမ်တစ်လုံးနှင့် ကျေးရွာရှိ တမလန်းသစ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပထမရွာထဲက အိမ်သုံးလုံးကိုမီးရှို့တယ်။ နောက်ပြီးသူတို့စခန်းကို သူတို့ပြန်ရှို့ပြီး ထွက်သွားကြတယ်။အဲလိုထွက်သွားတော့ ရွာကလူတွေမီးငြှိမ်းဖို့သွားကြတယ်။သွားတဲ့ရွာသားနှစ်ဦး နင်းမိုင်းမိတယ်။နင်းမိတာက နှစ်‌ယောက်ဗျ။နှစ်ယောက်လုံးခြေထောက်ဖြတ်ရမယ်ဗျ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်အုပ်စုသည် ဝင်မနားရွာ၏ အရှေ့တောင်ဘက်ရှိ ကနဲ၊သခွတ္တနယ်ဘက်သို့ ရွေ့လျားသွားကြောင်း ဒေသတွင်း ချင်းတွင်းချစ်သူ စာမျက်နှာက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။