Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာ စစ်ကောင်စီတပ်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုကိုပိုတင်းကြပ်လာ

မန္တလေးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက PDF တပ်ဖွဲ့ဝင်တွေ တည်းခိုရာနေရာကို စစ်ကောင်စီတပ် ဝင်စီးနင်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာရှိပါတယ်။

People's Spring
People's Spring

မန္တလေးမှာ ဒီနေ့မနက်ပိုင်းကစတင်ပြီး နေရာအများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ စစ်ဆေးရှာဖွေတာတွေကိုလုပ်ဆောင်ခဲ့ပါတယ်။ဒီလိုပိတ်ဆို့ ရှာဖွေတာဟာ မြို့ပြပျောက်ကြားအဖွဲ့တွေ မန္တလေးက စွန့်ခွာမယ်လို့ ကြေညာထားချိန်နဲ့လည်းတိုက်ဆိုင်နေတာတွေ့ရပါတယ်။

ဒီနေ့ စစ်ဆေးမှုမှာ စစ်သား ၊ရဲတပ်ဖွဲ့ဝင် အပြင် အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတွေ ပါ တွေ့ရပြီး ရွှေ့လျားပုံစံမျိုးနဲ့ စစ်ဆေးတာမျိုးလုပ်ဆောင်နေတာလို့ စစ်ဆေးမှုကိုကြုံခဲ့ရတဲ့မြို့ခံအချို့ကပြောပြပါတယ်။အရင်စစ်ဆေးမှုတွေထက် ပိုအသေးစိတ်လာပြီး အချိန်ယူစစ်ဆေးတာမျိုး လုပ်လာတယ်လို့သိရပါတယ်။

” မနက် ၆နာရီလောက်ကတည်းကကို စစ်နေတာ၊ ဆိုင်ကယ်တွေဆို တူးဘောက်တွေပါ ဖွင့်စစ်တာ”လို့ ကိုယ်တွေ့ကြုံတွေ့ရသူတစ်ဦးကပြောပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက PDF တပ်ဖွဲ့ဝင်တွေ တည်းခိုရာနေရာကို စစ်ကောင်စီတပ် ဝင်စီးနင်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာရှိပါတယ်။